မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ကွာရာဘတ်အသင်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ဂိုးမရှိသရေရလဒ်နဲ့သာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုတွင်း ပြိုင်ဘက်ဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ ရိုးမားအသင်းထိပ်တိုက်တွေ့ဆုံနေတဲ့ အချိန်မှာ အိမ်ဖြည့်အသင်းဖြစ်တဲ့ ကွာရာဘတ်အသင်းကို အက်သလက်တီကိုအသင်းဟာ အနိုင်ရရှိအောင် ကန်ယူနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အက်သလက်တီကိုအသင်းဟာ ချဲလ်ဆီးနဲ့ ၅ မှတ်ကွာဟနေပြီး ရိုးမားအသင်းနဲ့ ၃ မှတ်ကွာဟနေသေးတာလည်းဖြစ်ပါတယ်။

ကွာရာဘတ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟင်းနရစ်၊ မီချယ်၊ မာဒါတော့၊ ကွာရာရက်၊ အယ်မန်ဒါ၊ ဒီနို တို့ကို ထည့်သွင်းကစားစေခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရက်စမန်း၊ ဂါမဲရိုး၊ ကာရက်စကို၊ ဂါဘီ၊ ဆောလ်၊ ဂိုင်တန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲမှာ အံအားသင့်ဖွယ်လက်စွမ်းပြကာကွယ်သွားတဲ့ ကွာရာဘတ်ဂိုးသမား ဆီဟစ် ကိုတော့ ချီးကျူးရမှာလည်းဖြစ်ပါတယ်။ 

အက်သလက်တီကိုအသင်းဟာ အမှားများနေတဲ့ကွာရာဘတ်နောက်တန်းကို အကြိမ်ကြိမ်ထိုးဖောက်နိုင်ခဲ့ပေမဲ့ ဂိုးသမားကိုတော့ ကျော်လွန်နိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ကွာရာဘတ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာတဲ့ ဘောလုံးကိုလည်း အက်သလက်တီကို သတိကြီးစွာနဲ့ ဖြတ်ထုတ်မှု အကြိမ်ကြိမ် လုပ်ခဲ့ရပါတယ်။၇၅ မိနစ်မှာ ကွာရာဘတ် တိုက်စစ်မှုး ဒီနို ကို ဟန်ဆောင်လှဲချခဲ့တဲ့ဆိုပြီး ဒိုင်လူကြီးက နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။ကျန်ပွဲချိန်တွေမှာတော့ ကွာရာဘတ်အသင်းဟာ ခံစစ်မှာပဲ အချိန်ကုန်ခဲ့ပြီး သရေတစ်မှတ်ခွဲယူခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။