မင်းသမီးပပဝင်းခင်တစ်ယောက်တော့ ကလောမှာစိတ်ကြိုက်အပန်းဖြေနေပါတယ်။ အနုပညာလုပ်ငန်းတွေမှာ သိပ်မတွေ့ရတော့ပေမယ့် သူမကိုချစ်တဲ့ ပရိတ်သတ်တွေ ကတော့ ရှိနေတုန်းပါပဲ။ လတ်တလောမှာတော့ မိသားစုနဲ့အတူတူ ကလောမြို့ကို ခရီးထွက်နေပါတယ်။ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုလဲ တင်ထားပါသေးတယ်။

ကလောမြို့ရဲ့ဒေသထွက်အစားအစာတွေကို Facebook ပေါ်မှာတင်ပြီး ပရိတ်သတ်တွေကို သွားရည်ချူသူလေးပေါ့ သူတော်တော်ဆိုး။ တကယ့်ကိုစားချင်စဖွယ် အစားအသောက် တွေပါပဲ။ ရန်ကုန်မှာလဲရနိုင်ပေမယ့် လက်ရာကတော့ တမျိုးကွဲပြားပြီး အရသာတော်တော် ရှိမယ့်ပုံပါပဲ။

အနုပညာလောကနဲ့ အရင်လိုအကျွမ်းတဝင်မရှိတော့ပဲ အလှမ်းနည်းနည်းကွာသွားတဲ့ ပပဝင်းခင်ရဲ့ အလှပုံရိပ်လေးတွေနဲ့ သူမရဲ့စားကောင်းသောက်ဖွယ်တွေကို ပပဝင်းခင်ကို လွမ်းနေတဲ့ သူမရဲ့ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။