ပရိသတ်ချစ်တဲ့သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့မွန်မြတ်တဲ့စိတ်ထားလေးနဲ့ယနေ့အောက်တိုဘာ၁၉ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ သူမရဲ့ အလှူဒါနပုံရိပ်လေးတွေဟာ ပရိသတ်တွေကြားရေးပန်းစားလို့နေပါတယ်။သရုပ်ဆောင်ခိုင်သင်းကြည်ဟာ Bella Cosmetic နဲ့လက်တွဲပြီးအနုပညာလုပ်ငန်းတွေလုပ်ကိုင်လျက်ရှိပြီး Bella Cosmetic ကလက်ဆောင်အဖြစ်ပေးအပ်ထားတဲ့ နှုတ်ခမ်းနီအချောင်း၂၀၀ ကို သူမပိုင်ဆိုင်တဲ့ KTK အထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းများကိုပြန်လည်လက်ဆောင်ပေးတဲ့အလှူဒါနလေးပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သရုပ်ဆောင်ခိုင်သင်းကြည်ဟာ အခုလိုစက်ရုံက ကလေးမလေးတွေအတွက် Bella နှုတ်ခမ်းနီအချောင်း၂၀၀ပြန်လည်လက်ဆောင်ပေးလှူဒါန်းနိုင်ခဲ့တဲ့အတွက်အရမ်းကိုဝမ်းမြောက်ပျော်ရွှင်ရပါတယ်လို့ဆိုပါတယ်။နှုတ်ခမ်းနီလက်တောင်ရလို့ပျော်ရွှင်နေကြတဲ့ကလေးမလေးတွေကိုကြည့်ပြီးသူတို့နဲ့ထပ်တူထပ်မျှပျော်ရွှင်ကြည်နူးရပါတယ်လို့လဲပြောပါတယ်။ ဒီနေ့အလှူလေးဟာလဲ Bella Cosmetic ရဲ့အလှူလေးပါပဲလို့ဆိုပါတယ်။

ပရိသတ်ချစ်သရုပ်ဆောင်ခိုင်သင်းကြည် နဲ့အတူ သူမရဲ့ KTK Garment စက်ရုံက ဝန်ထမ်းများရဲ့ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရပုံရိပ်လေးတွေကိုလဲသူမရဲ့လူမှုကွန်ယက်Facebook မှာမျှဝေထားကိုလဲတွေ့မြင်ရတာပဲဖြစ်ပါတယ်။ပရိသတ်ချစ်သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ပျော်ရွှင်စရာအလှူလေးကိုလဲပရိသတ်တွေကူးစက်ပျော်ရွှင်နိုင်အောင်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ခိုင်သင်းကြည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။