လတ်တလော အွန်လိုင်းမှာ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ လူဖြစ်ခွင့်ပေးပါ ဆိုတဲ့သီချင်းနဲ့ပါတ်သတ်လို့

အဆိုရှင် ဝေလ ကို သီချင်းဆိုခွင့် သုံးလပိတ်သိမ်းတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ပျံနှံလာတာကိုတွေ့ရှိရပါတယ် ။

အကြောင်းရင်းကို နိုင်ငံရေးနဲ့ အနုပညာမရောယှက်စေလိုသောကြောင့်ကို ရေးသားထားခဲ့ပြီး ထိုသတင်းကြောင့်

ဝေလပရိတ်သတ်များနှင့် ဂီတချစ်သူပရိတ်သတ်များက သတင်းမှန်လား သတင်းအမှားလား ဇဝေဇဝါတွေ ဖြစ်နေခဲ့ရတာပါ ။

ခုတော့ ထိုကိစ္စကိုဝေလက ပြန်လည်ရှင်းပြလိုက်ပါပြီ ။ 

" "အဲ့အသင်းက မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်လည်း အဲ့သတင်းကို ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့ အဲ့ထဲမှာ ရေးထားတဲ့ အနုပညာအစည်းအရုံးဆိုတာ ရှိမှမရှိတာ။ ဂီတအစည်းအရုံးနဲ့ ရုပ်ရှင်အစည်းအရုံးပဲ ရှိတာလေ။ သတင်းအမှားကြီးပါခင်ဗျ။ ဒီလိုပါပဲ page အသစ်တစ်ခုထောင်ရင် လူစိတ်ဝင်စားအောင် ရေးကြတာပဲလေ။ ကျွန်တော်လည်း ကျွန်တော့အလုပ်နဲ့ ကျွန်တော် မအားတော့လေ။ ကျွန်တော်ပြန်တုံ့ပြန်တာတွေ ဘာတွေ မရှိပါဘူး" ဆိုပြီးတော့ Duwun Media မှာ ဖြေကြားထားခဲ့တဲ့ အပြင်

သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ယက်မှာလည်း

" အခွေထုတ်ခွင့် သုံးလပိတ်ခံရတယ်ဆိုတာ.. တကယ်မဟုတ်ပါဘူး.. သတင်းအမှားကြီးပါ..." လို့ပရိတ်သတ်တွေကိုထပ်မံရှင်းပြထားပါတယ် ။ 

ထိုသတင်းမှာမဟုတ်မမှန်တဲ့ အပြင် ခုလက်ရှိ ဖျော်ဖြေပွဲတွေလုပ်ဖြစ်နေပြီး အဓိပတိဖွားဆိုတဲ့ MTV လေးကို အမြန်ဆုံးထွက်ရှိနိုင်ဖို့လည်း ကြိုးစားနေပါတယ်လို့ သိရှိရပါတယ် ။ ဝေလကို ချစ်တဲ့ပရိတ်သတ်တွေ ၀မ်းသာတော့နော် ... 

သတင်းအရင်းမြစ် ီDuwun and Waila

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။