မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ ဇဗက်တာအသင်းကို အာဆင်နယ်အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်အုပ်စု ပွဲ ၃ ပွဲကစားထားပြီးချိန်မှာတော့ ရာနူန်းပြည့် ၃ ပွဲလုံးအနိုင်ရရှိထားကာ အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ က ဘိုရီဆော့ အသင်းနဲ့ အဆင့် ၃ က ဇဗက်တာ အသင်းကို ၅ မှတ်စီဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အုပ်စု အောက်ဆုံးက ကိုလုံးအသင်းကိုတော့ ၉ မှတ်ထိ ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဇဗက်တာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရစ်မွန်၊ ရာဒွန်ဂျစ်၊ ကန်ဂါ၊ ဆာနစ်၊ ဒိုနယ်လ်၊ ကာစတီစစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျီရော့၊ ဝဲကော့၊ ဝီရှိုင်းယား၊ ဝဲလ်လော့၊ နေလ်း၊ ကိုကွီလင်၊ နယ်ဆန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးဟာ လူငယ်တွေကိုအသုံးပြုခဲ့ပေမဲ့ ပွဲကိုစိုးမိုးထားနိုင်ခဲ့တာဖြစ်ပြီး လိုအပ်တဲ့ အနိုင်ရလဒ်ကိုပါ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်ထိ နှစ်သင်းစလုံးဟာ ဂိုမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၈၀ မှာတော့ ဇဗက်တာ အသင်းရဲ့ ကစားသမား ရိုဒစ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။၈၅ မိနစ်မှာ အာဆင်နယ်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ဂျီရော့က နောက်ပြန်ကန်ချက်နဲ့ လှလှပပ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။