ပြီးခဲ့တဲ့အောက်တိုဘာ(၁၅)ရက်နေ့ကပြုလုပ်ကျင်းပခဲ့တဲ့ နိုင်ငံတကာမျက်မမြင်လမ်းလျောက်ပွဲလေးမှာ ပရိသတ်ချစ်တဲ့သရုပ်ထွန်းထွန်းနဲ့ အတူထွန်းကိုကို ကိုချစ်ကြသူများအဖွဲ့ ပရိသတ်များမှ တက်နိုင်တဲ့ဘက်ကနေပါဝင်ကူညီဖေးမခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့လေးရဲ့အဓိပ္ပါယ်လေးဟာ ‘အမှောင်အတိဖြစ်နေတဲ့အမြင်အာရုံချို့ယွင်းနေသူတစ်ယောက်ရဲ့ဘဝခရီးမှာ လမ်းမှားမရောက်,လမ်းမှန်ကိုလျောက်နိုင်ကြဖို့ ဘဝလက်တွဲဖော်ရဲဘော်ရဲဘက်များနဲ့ အမြဲအတူတကွလမ်းလျောက်ကြတဲ့နေ့လေးလို့’ ကမ္ဘာကအသိအမှတ်ပြုဂုဏ်တင်ပေးတဲ့နေ့လေးပဲဖြစ်ပါတယ်လို့ သူရဲ့လူမှုကွန်ယက် Facebook မှာမျှဝေထားတာကိုလဲတွေ့ရပါတယ်။

အခုလို အမြင်အာရုံချို့ယွင်းနေတဲ့ကလေးငယ်လေးတွေကို ကျွန်တော်တို့ရဲ့နွေးထွေးသောလက်ကလေးတွေနဲ့ ပါဝင်ကူညီဖေးမပေးခဲ့ရတဲ့အတွက်အလွန်ဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ကျွန်တော်နဲ့ ထွန်းကိုကို ကိုချစ်တဲ့အဖွဲ့သားများအားလုံး တက်နိုင်တဲ့ဘက်ကပါဝင်ကူညီပေးခဲ့တဲ့အတွက် ပျော်ရွှင်နေကြတဲ့ အမြင်အာရုံချို့ယွင်းနေတဲ့ကလေးငယ်လေးတွေကိုကြည့်ပြီးကျွန်တော်နဲ့အဖွဲ့သားတွေအားလုံးလဲထပ်တူဝမ်းမြောက်ပျော်ရွှင်ရပါတယ်လို့ဆိုပါတယ်။နောက်လဲခုလိုပွဲမျိုးလေးတွေမှာတက်နိုင်သလောက်ပါဝင်ကူညီပေးသွား

မှာပါလို့လဲသိရပါတယ်။သရုပ်ဆောင်ထွန်းကိုကိုနဲ့ အဖွဲ့သားများ အားလုံးနဲ့ အတူ အမြင်အာရုံချို့ယွင်းနေတဲ့ကလေးများမျက်မမြင်လမ်းလျောက်ပွဲလေးရဲ့ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလဲမျှဝေပေးလိုက်ပါတယ်။

သရုပ်ဆောင်ထွန်းကိုကိုဟာ ပရဟိတလုပ်ငန်းလေးတွေလဲအများကြီးလုပ်ဖြစ်ပါတယ်လို့ပြောပါတယ်။လက်တစ်လောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘားအံ့ ""အစင်လေးပါပဲ'' ဆိုတဲ့ရုပ်ရှင်ကားဇာတ်ကားကြီးကိုအနုပညာညီကိုမောင်နှမတွေအများကြီးနဲ့ရိုက်ကူးနေတယ်လို့လဲသိရပါတယ်။ပရိသတ်ကြီးအတွက် အကောင်းဆုံးကြိုးစားနေပါတယ်ဆက်လက်အားပေးပါအုန်းလို့လဲပြောပါတယ်။

သတင်းအရင်းအမြစ် - ထွန်းကိုကို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။