နာမည်ကြီးအနုပညာရှင်များဖြစ်တဲ့ ရန်အောင်၊ လူမင်းနဲ့နေတိုး တို့ကတော့ အောင်ပန်းမှာ ရုပ်ရှင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သုံးယောက်လုံးက အောင်မြင်ပြီးသား နာမည်ရ အနုပညာရှင်တွေဖြစ်တာကြောင့် Acting ပိုင်းမှာပြောစရာမလိုအောင် ပြည့်စုံပြီးသားပါ။ ဇာတ်ကားထွက်လာရင်လဲ ပရိတ်သတ်အကြိုက်ဖြစ်မှာ သေချာပါတယ်။

မြန်မာလွတ်လပ်ရေးမရခင်ခေတ်ကို ရိုက်ကူးထားတဲ့ဒီဇာတ်ကားကို ဟာသ ဖိုက်တင် အချစ် တွေနဲ့ ရသစုံရိုက်ကူးထားတာဖြစ်ပါတယ်။ မျက်နှာအနည်းငယ်ပြုပြင်ပြီး အနုကြီးနုသွားတဲ့ အကယ်ဒမီများရှင် ရန်အောင်ကတော့ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းနေရာက သရုပ်ဆောင်ထားပါတယ်။ အကယ်ဒမီနေတိုးနဲ့ အကယ်ဒမီလူမင်းတို့ကလဲ ခပ်မိုက်မိုက် သရုပ်ဆောင်ထားတာကြောင့် တကယ်ကောင်းမယ့် ဇာတ်လမ်းလေးဖြစ်မှာပါ။

အောင်ပန်းမြို့မှာသွားရိုက်ကူးထားတာဖြစ်လို့ ရှမ်းပြည်ရဲ့အလှအပတွေကိုလဲ ခံစားရမှာ ဖြစ်ပါတယ်။ ဝတ်ရုံရှည်အမည်းကိုဝတ်ဆင်ထားတဲ့ ကိုရန်လေးစတိုင်ကတော့ အမိုက်စား ပါပဲ။ ဒီဇာတ်ကားထဲမှာ 5 Star အဖွဲ့လဲပါတာမို့ ဟာသလေးနှောပြီး ရသစုံပေးနိုင်မယ့် ဇာတ်ကားလေးဖြစ်မှာပါ။ ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကို Behind the Scene အနေနဲ့ ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။