ပြည်သူချစ်သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေး ဖြစ်တဲ့ စံထိပ်ထားဟာ သူမရဲ့လူမှုကွန်ယက်မှာတင်ခဲ့တဲ့ Vedio ဖိုင်လေးတွေကြောင့်ပရိသတ်တွေကြားရေပန်းစားလို့နေပါတယ်။ချစ်စရာပုံစံလေးနဲ့စံထိပ်ထားဟာအင်္ဂလိပ်သီချင်းလေးတွေCoverပြန်ဆိုထားတဲ့Vedioဖိုင်လေးတွေကိုတင်ခဲ့တာဖြစ်ပြီးပရိသတ်တွေသဘောကျနှစ်သက်ခဲ့ကြရတဲ့အပြင်Online Media တွေကပါရေးသားဖော်ပြခြင်းခံနေရပါတဲ့ချစ်စရာကောင်မလေးပဲဖြစ်ပါတယ်။

သူမရဲ့ချစ်စရာကောင်းတဲ့အသံလေးကပရိသတ်တွေကိုနားဝင်ချိုစေခဲ့ပြီးပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုပါသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

ဒီနေ့မှာတော့ပြည်သူချစ်သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့သမီးချောလေးစံထိပ်ထားဟာ ကယန်းမလေးတစ်ယောက်လိုဝတ်ဆင်ပြီးချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးတွေကိုလဲသူမရဲ့လူမှုကွန်ယက်မှာမျှဝေထားတာကိုတွေ့ရပါတယ်။အောက်တိုဘာ၁၉ရက်နေ့မနေ့ညက ချစ်ရတဲ့ဖေဖေမေမေနဲ့ညစာသွားစားခဲ့တာဖြစ်ပြီးခုလိုကယန်းမလေးအသွင်ဝတ်ဆင်ခဲ့တာပါလို့ဆိုပါတယ်။သူမနဲ့လိုက်ဖက်ပြီးချစ်ဖို့ကောင်းတဲ့ကယန်းတိုင်းရင်းသားဝတ်စုံလေးနဲ့ပုံရိပ်လေးတွေကိုလဲသူမကိုချစ်တဲ့ပရိသတ်ကြီးဟာသဘောကျနှစ်သက်တဲ့ Comment လေးတွေကိုလဲသူမမျှဝေခဲ့တဲ့လူမှုကွန့်ယက်က ပုံလေးတွေအောက်မှာပေးထားကြတာကိုလဲတွေ့မြင်ရပါတယ်။ 

စံထိပ်ထားဟာ လက်ရှိမှာတော့ အနုပညာလုပ်ငန်းလေးတွေစတင်လုပ်ကိုင်နေပြီး ပရိသတ်ချစ်မင်းသမီးချောလေးများဖြစ်တဲ့ ဝတ်မှုန့်ရွှေရည်,ခင်ဝင်ဝါ,တေးသံရှင်ပန်းရောက်ခြယ် တို့နဲ့အတူကြော်ငြာလေးရိုက်ကူးထားတယ်လို့လဲသိရပါတယ်။နောက်ထပ်အနုပညာလုပ်ငန်းတွေအများကြီးလုပ်ကိုင်သွားမှာဖြစ်ပြီး မေမေလို ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နိုငိအောင်အများကြီးကြိုးစားသွားမှာပါလို့လဲသိရပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ ကယန်းမလေးအသွင် နဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - စံထိပ်ထား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။