အနုပညာရှင်တွေထဲမှာ သူတို့ရဲ့ အရွယ်တင်တဲ့ နုပျိုမှုတွေကြောင့် ငယ်ရွယ်တယ်လို့ ထင်ရတဲ့ သူတွေရှိသလို အချို့ ကတော့ သူတို့ရဲ့ ရင့်ကျက်မှုတွေကြောင့် အသက်အရွယ်ထက်ပိုပြီး ကြီးတယ်လို့ထင်ရတဲ့ သူတွေများစွာရှိပါတယ်။ အောက်မှာတော့ ပရိသတ်တွေ မထင်မှတ်ထားလောက်အောင် အသက်ကြီးလာတဲ့ အနုပညာရှင်တွေရှိသလို အရမ်းငယ်သေးတဲ့ ဆယ်ကျော်သက်အနုပညာရှင်တွေရဲ့ အသက်တွေဖြစ်ပါတယ်။

၁)မင်းမော်ကွန်း

အိမ်ထောင်ကျပြီးတော့ ကလေးတွေတောင်မွေးပြီး မွေးတဲ့ ကလေးတောင် အသက်၁၈နှစ်ရှိပြီ ဖြစ်တဲ့ မင်းမော်ကွန်းကတော့ ဘယ်တော့မှ မအိုတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ သူလို့ပြောလို့ရပါတယ်။ သူများတွေသာ အိုချင်အိုသွားမယ် မင်းမော်ကွန်းတစ်ယောက်ကတော့ ဒီရုပ်ရည်အတိုင်းရှိမြဲရှိနေဆဲပါ။ မင်းမော်ကွန်းက ၂၆ရက် ၂လပိုင်း ၁၉၇၉ ခုနှစ်မှာမွေးပြီး ယခုဆို အသက် ၃၈နှစ်ရှိလို့နေပါပြီ။

၂)စိုင်းစိုင်းခမ်းလှိုင်

အမြဲ တမ်း ၁၈ နှစ် ဆိုပြီး ဝံ့ကြွားထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက်ကိုတော့ ပရိသတ်တော်တော်များများမသိကြပါဘူး။ အသက်သာကြီးလာပေမယ့် ငယ်ရွယ်တုန်းပဲလို့ဆိုရတဲ့ စိုင်းစိုင်း အသက်ကတော့ ၃၈နှစ်ရှိပြီ ဖြစ်ပြီး ၄လပိုင်း ၁ဝရက်နေ့ ၁၉၇၉ ခုနှစ်မှာမွေးခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

၃)ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်

သူတို့ နှစ်ယောက်ကတော့ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ ခေတ်ပြိုင်မင်းသမီး နှစ်ယောက်လို့ပြောလို့ရသလို အောင်မြင်မှုများစွားရနေတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ ညီအစ်မ ဝမ်းကွဲ နှစ်ယောက်ရဲ့ အသက် ကတော့ ၂၉နှစ် အသီးသီးဖြစ်ပြီး ကစ်ကစ် ကတော့ သြဂုတ်လ ၁ဝရက် ၁၉၈၈ခုနှစ်မှာ မွေးခဲ့ပြီး ဖွေးဖွေးကတော့ သြဂုတ်လ ၉ရက် ၁၉၈၈ခုနှစ်မှာ မွေးခဲ့တာဖြစ်ပါတယ်။

၄)ရွှေမှုံရတီ

ရွှေမှုံရတီကတော့ အသက် ၁၉နှစ်သာရှိသေးပြီး ၁ရက် ဧပရယ် ၁၉၉၈ ခုနှစ်မွေးခဲ့သူဖြစ်ပါတယ်။ သူမရဲ့ အသက်အရွယ်နှင့် မလိုက် အနုပညာလုပ်ငန်းမှာ အောင်မြင်မှုများစွာရနေပြီး ဝေဖန်မှုများစွာကို ကြံ့ကြံ့ ခံ နိုင်သူတစ်ဦးဖြစ်ပါတယ်။

၅)ရွှေအိမ်စည်

Miss Grand ကိစ္စနှင့် ပတ်သက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိထားတဲ့ ရွှေအိမ်စည် ကတော့ သူမရဲ့ ခပ်ချေချေ မာန်ရှိရှိ ရုပ်ကလေးနှင့် မလိုက်အောင် ငယ်ရွယ်တဲ့ အသက်ကို ပိုင်ဆိုင်ထားတဲ့ သူပါ။ ၂၅ရက် အောက်တိုဘာလ ၁၉၉၈ ခုနှစ်မှာ မွေးခဲ့ပြီးအသက် ၁၉နှစ်သာရှိသေးတဲ့ သူမရဲ့ ပြုမူပြောဆိုပုံ တွေဟာ အသက်အရွယ် နှင့် မလိုက်အောင်ရင့်ကျက်မှုရှိသူတစ်ယောက်လို့ပြောလို့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။