ပရိသတ်ချစ်ခင်အားပေးမှုနဲ့အတူ အနုပညာလုပ်ငန်းတွေတောက်လျောက်ကြိုးစားလုပ်ကိုင်လျက်ရှိပြီးအရင်ပုံစံကနေလုံးဝကွဲထွက်ကာချောမောလှပနေတဲ့မင်းသားဇေရဲထက်ဟာ မိသားစုနဲ့အတူ မိသားစုယုံကြည်ကိုးကွယ်တဲ့ဆရာတော်ကြီးကိုသွားရောင် ကန်တော့ခဲ့ပြီး သင်္ကန်းကပ်လှူ ခဲ့တယ်လို့သိရပါတယ်။ သရုပ်ဆောင်ဇေရဲထက်ဟာ အောက်တို့ဘာ ၁၉ရက်နေ့ မနေ့က ဖားကန့်မြို့ကို မိသားစုဘုရားဖူ ခရီးစဉ်လေး သွားရောက်ခဲ့တာဖြစ်ပြီး မိသားစုကိုးကွယ်တဲ့ဘုန်းကြီးကျောင်းလေးမှာအလှူလေးလဲလုပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

ကားရိုက်တွေဆက်တိုက်လုပ်ဖြစ်နေပြီးမအားမလပ်တဲ့ကြားကနေ မိသားစုကိုအချိန်ပေးနိုင်ခဲ့အတွက်အရမ်းကိုဝမ်းသာမိပါတယ်လို့ဆိုပါတယ်။ခုလိုမိသားစုနဲ့အတူ ဘုရားဖူးခရီးလေးထွက်ရတာဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ ပျော်ရွှင်မှုအစစ်အမှန်လေးကိုရရှိရတာပဲဖြစ်တယ်လို့ဆိုပါတယ်။မိသားစုနဲ့ကခုလိုခရီးလေးတွေကိုလဲ တစ်နှစ်ကိုအနဲဆုံး ၂ကြိမ်လောက်ထွက်ဖြစ်ပါတယ်လို့ပြောပါတယ်။ပရိသတ်တွေအတွက်အနုပညာလုပ်ငန်းတွေအကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီးအချိန်ရရင်ရသလိုချစ်ရတဲ့မိသားစုလေးနဲ့လဲခရီးလေးတွေထွက်ဖြစ်နေမှာပါလို့ပြောပါတယ်။ဇေရဲထက်တို့ပျော်ရွှင်ဖွယ်မိသားစုပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

လက်တစ်လောအနုပညာလှုပ်ရှားမှုအနေနဲ့သရုပ်ဆောင်ဇေရဲထက်ဟာ "နန်းဆန်စွာနဲ့ဂျင်းထည့်သည်" ဆိုတဲ့ ရုပ်ရှင်ကားလေးရိုက်ကူးနေတာဖြစ်ပြီး အဲ့ဒီကားလေးထဲမှာ ချစ်စရာကောင်းတဲ့မိန်းမလျာလေးအဖြစ်ပရိသတ်ကြီးတွေ့မြင်ရမှာပါလို့ဆိုပါတယ်။မိန်းမလျာဇာတ်ကောင်လေးနဲ့ချစ်ဖို့ကောင်းပြီးပရိသတ်ရင်ကိုလှုပ်ခတ်စေမယ့်သူ့ရဲအလန်းစားအိုက်တင်လေးတွေကိုလဲတွေ့မြင်ကြရမှာပါ။ဇေရဲထက်ဟာသူရဲ့မိန်းမလျာဇာတ်ကောင်အဖြစ်သရုပ်ဆောင်ရတဲ့အခါ သရုပ်ဆောင်ပီပြင်ပြီး ပရိသတ်တွေသဘောကျစေဖို့သူငယ်ချင်းဖြစ်သူ ရွှေမှုန်ရတီရဲ့အိုက်တင်လေးတွေကိုအတုယူရပါတယ်လို့ပြောပါတယ်။ပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားနေပြီး ဒီကားလေးကိုလဲမကြာမှီပရိသတ်တွေကြည့်ရှု့ခံစားရတော့မှာပါလို့ပြောပါတယ်။ 

သတင်းအရင်းအမြစ် - ဇေရဲထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။