မိန်းကလေးအတွက်ကတော့ ခန္ဓာကိုယ် ကောက်ကြောင်းကလည်း အလှတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာဝတ်စုံပဲ ၀တ်ဝတ်၊ ဂျင်းဘောင်းဘီ၊ စကပ်တွေပဲ ၀တ်ဝတ် တင်သား မရှိတဲ့ အခါ ၀ါးခြမ်းပြားကို အဝတ်ပတ်ထားတယ်လို့ ပြောကြရင် စိတ်တိုရတာလည်း အမှန်ပါပဲ။ ဒါ့ကြောင့် မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ အရသာ ရှိတဲ့ ဖျော်ရည် တစ်ခွက်ဖော်စပ်ပြီး ပုံမှန် သောက်သုံးပေးခြင်းဖြင့် တစ်လ နီးပါး အချိန်မှာ တင်သားအလှက သိသိသာသာ ထွက်လာမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

လိုအပ်သော ပစ္စည်းများ

- အဆီထုတ်ထားသော နွားနို့ တစ်ခွက်

- မြေပဲ အနှစ် (သို့မဟုတ်) မြေပဲ ၅ ကျပ်သားခန့်

- ငှက်ပျောသီး (၂) လုံး

- သံပရိုသီး တစ်ခြမ်း

ဖျော်ရည်ပြုလုပ်ပုံ

အထက်ပါ ပါ၀င်ပစ္စည်းများ အားလုံးကို blender ထဲသို့ ထည့်၍ ကြိတ်ပါ။ အနှစ်များ အားလုံး ကြေညက်သည်အထိ ဖျော်ပါ။ ထို့နောက် အရသာ ရှိလှသော ပရိုတင်းဓာတ်ပြည့်ဝလှတဲ့ ဖျော်ရည် တစ်ခွက် ရရှိမှာပဲ ဖြစ်ပါတယ်။ 

ထိုဖျော်ရည်ကို နေ့စဉ် ပုံမှန် သောက်သုံးနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ အချိန်တွင် သောက်သုံးနိုင်ပါတယ်။ အနည်းဆုံးတော့ တစ်နေ့ တစ်ခွက် သောက်သုံးပေးသင့်ပါတယ်။ ထို့နောက် နှစ်ပတ်ခန့် အချိန်တွင် မိမိ၏ တင်သားကျစ်လစ် လှပမှုကို ရရှိမှာဖြစ်ပြီး များမကြာမီ အချိန်တွင် ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

သာယာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင် …

Source: YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။