ချင်းဒါဘီဘယ်သူနိုင်မလဲ

ချင်းပြည်နယ်ကိုယ်စားပြုနှစ်သင်းဖြစ်တဲ့ချင်းယူနိုက်တက်နဲ့

GFAအသင်းတို့ဟာမြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာကစား

နေကြပါတယ်။ကံမကောင်းစွာပဲချင်းနှစ်သင်းဟာ

တန်းဆင်းဇုန်ထဲကျရောက်နေပါတယ်။ဒီနှစ်သင်း

ဟာပထမအကျော့တုန်းကတွေ့ဆုံမှုမှာGFAက

ချင်းကို2-1နဲ့အနိုင်ရယူထားပါတယ်။အခုတစ်ခေါက်မှာရော

ဘယ်လိုရလဒ်တွေထွက်မှာလဲ..

နိုင်တဲ့အသင်းဟာတန်းဆင်းဇုန်ထဲကရုန်းထွက်နိုင်မှာမို့

ဒီပွဲဟာအကြိတ်အနယ်ရှိနေမှာသေချာပါတယ်။

GFAကတော့သရေကျရင်အခြေအနေကောင်းနေတယ်

လို့ပြောလို့ရပြီးချငိးကတော့တန်းဆင်းဇုန်ကနေရုန်းထွက်ဖို့

GFAကိုမဖြစ်မနေအနိုင်ကစားသွားရမှာပါ။လတ်တလောပြသ

ထားတဲ့ခြေစွမ်းတွေအရတော့GFAကချင်းထက်

ပိုကောင်းနေတယ်လို့ဆိုရမှာပါ။

ပြီးခဲ့တဲ့အပါတ်ကGFAဟာမြန်မာနေရှင်နယ်လိဂ်မှာပုံစံကောင်းတွေရနေတဲ့

ရခိုင်လိုအသင်းမျိုးကိုတောင်လေးဂိုးဂိုးမရှိနဲ့အနိုင်ကစားခဲ့တာပါ။

သူတို့တွေတန်းဆင်းဇုန်ကနေရုန်းထွက်ဖို့

ယုံကြည်မှုတွေရှိနေကြပြီဆိုတာကျိန်းသေပါပဲ။

ဒါပေမယ့်ချင်းအသင်းမှာမြန်မာ့လက်ရွေးစင်တွေဖြစ်တဲ့သန်လန်းဟပ်ထန်တို့လိုကစား

သမားတွေရှိနေတာကGFAအသင်းအနိုင်ယူဖို့ခက်ခဲနေစေမှာပါ။

လာမယ့်21ရက်နေ့ညနေလေးနာရီသုဝဏ္ဏကချင်းဒါဘီကိုစောင့်ကြည့်လိုက်ကြပါစို့။

Source-MNL


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။