Telenor Myanmar မှဦးစီးကျင်းပတဲ့ တေးဂီတဖျော်ဖြေပွဲလေးကို ကလေးမြို့တွင်ပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။

ပြည်သူချစ်တေးသံရှင်များနဲ့ကလေးမြို့ဂီတချစ်ပရိသတ်တွေကိုတွေ့ဆုံဖျော်ဖြေပေးတဲ့ပွဲလေးလဲဖြစ်ပါတယ်။အဲ့ဒီဂီတဖျော်ဖြေပွဲလေးကိုနိုင်ငံကျော်အဆိုတော်များဖြစ်ကြတဲ့ ဇော်ပိုင်,အောင်ထက်,ဇေယျ,ဖြူဖြူကျော်သိန်းနဲ့ပိုပိုတို့ကသွားရောက်ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။ Heaven Born Band တီးခတ်ဖျော်ဖြေမှုနဲ့အတူ့ကလေးမြို့ကဂီတချစ်ပရိသတ်တွေကိုသွားရောက်ဖျော်ဖြေပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်

နိုင်ငံကျော်တေးသံရှင်းများရဲ့သီဆိုဖျော်ဖြေမှုများကိုကလေးမြို့ကဂီတချစ်ပရိသတ်တွေ ထောင်နဲ့ချီလာရောက်အားပေးခဲ့တယ်လို့သိရပါတယ်။ကလေးမြို့ကဂီတချစ်ပရိတ်သတ်များနဲ့ပျော်ပျော်ရွှင်ရွှင်သီချင်းများသီဆိုဖျော်ဖြေခဲ့ကြပြီးပျော်စရာအရမ်းကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်လို့ သွားရောက်ဖျော်ဖြေခဲ့တဲ့တေးသံရှင်များကပြောပါတယ်။သွားရောက်ဖျော်ဖြေခဲ့တဲ့နိုင်ငံကျော်တေးသံရှင်များဟာကလေးမြို့ကပရိသတ်တွေနဲ့အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ပြီးသူတို့ရဲ့လှုမှုကွန်ယက်ဖေ့ဘွတ်ကနေမျှဝေထားတဲ့ပုံရိပ်လေးတွေကိုလဲတွေ့ရပါတယ်။ 

Telenor Myanmar က ခုလိုပွဲမျိုးလေးတွေကျင်းပပေးတာအရမ်းကောင်းပါတယ်လို့သွားရောက်ဖျော်ဖြေခဲ့တဲ့တေးသံရှင်များကပြောပါတယ်။အဆိုတော်တွေန့အလှမ်းဝေးတဲ့ နယ်ကပရိသတ်တွေအတွက်ခုလိုပွဲမျိုးလေးတွေစီစဉ်ပေးတဲ့အတွက် ပရိသတ်တွေလဲပျော်ရွှင်ရသလိုပရိသတ်တွေနဲ့ထပ်တူထပ်မျှပျော်ရွှင်ရပါတယ်လို့ဆိုပါတယ်။နောက်ထပ်လဲခုလိုပွဲမျိုးလေးတွေများများပြုလုပ်နိုင်ပြီး Telenor Myanmar လဲခုထပ်ပိုမိုအောင်မြင်ပါစေလို့သွားရောက်ဖျော်ဖြေခဲ့တဲ့တေးသံရှင်များရဲ့ဆုတောင်းစကားသံများကိုလဲကြားသိရပါတယ်။ကလေးမြို့ကဂီတချစ်ပရိသတ်တွေနဲ့အတူပျော်ရွှင်စရာဂီတဖျော်ဖြေပွဲပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွင်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ဇော်ပိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။