ပရိသတ်တွေ ချစ်ကြတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ ကျန်းမာရေးမကောင်းဘူးလို့ သိရပါတယ်။ ငွေကြေးမပြည့်စုံတဲ့အတွက် ထိရောက်အောင် မကုသနိုင်သေးတဲ့ သူမအတွက် ပရိသတ်တွေကတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်။ 

လူမှုအကျိုးဆောင်အလုပ်တွေ လုပ်ကိုင်နေတဲ့ ဦးကျော်သူက လာရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယခုတစ်ခါ နာမည်ကြီး ထိပ်တန်းမင်းသမီး မိုးဟေကိုကလည်း ကျန်းမာရေးထောက်ပံ့ငွေ ၂ သိန်းကျပ် လှူဒါန်းခဲ့တယ်ကြောင်းကို သရုပ်ဆောင် ကောင်းဆက်ဟိန်းထံမှ "ရုပ်ရှင်နှင့်ဗီဒီယ်ိုသရုပ်ဆောင် မိုးဟေကို မှ ဟာသသရုပ်ဆောင်မကစ်ကစ်အတွက်ကျန်းမာရေးထောက်ပံ့ငွေ ၂သိန်း ကျပ်တိတိ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။" ယခုလို သိရှိရပါတယ်။ 

လတ်တလောမှာတော့ ကစ်ကစ်ဟာ အနုပညာပလုပ်ကို ပြန်လည်လုပ်ကိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ခက်ခက်ခဲခဲ ရုန်းကန်နေရသလို သမီးလေးကျောင်းစရိတ်အတွက် ကျန်းမာရေးမကောင်းဘဲ ပရိကြီးအတွက်ရယ်မောအောင် လုပ်နေဦးမယ့် ကစ်ကစ်အတွက် ပရိသတ်တွေကတော့ ကရုဏာသက် စိတ်မကောင်းဖြစ်နေကြပါတယ်။ 

Source: Kaung Set Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။