ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်တဲ့ အဆိုတော် ချစ်သုဝေနဲ့ လင်းလင်း တို့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် နဲ့ တူမဖြစ်သူမေတိုးခိုင် တို့ အတူတူ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာလ(၂၁)ရက်မှာ သုဝဏ္ဏမြက်ခင်းတုကစားကွင်းမှာ ပြုလုပ်တဲ့ ချစ်သုဝေတို့ဇနီးမောင်နှံရဲ့ ဆိုင်ဖွင့်ပွဲမှာ မင်းသမီးချော အူဝဲက သူမရဲ့တူမလေး မော်ဒယ်မေတိုးခိုင်တို့ကိုလည်း တွေ့မြင်ရပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေရဲ့ Soccer House Café ဆိုင်ဖွင့်ပွဲလေးကို အနုပညာရှင်တွွေစုံစုံညီညီတက်ရောက်ခဲ့ပြီး အူဝဲတို့တူဝရီးကလည်း အမှတ်တရဓာတ်ပုံတွေအတူရိုက်ကူးခဲ့ပါတယ်။

မသိတဲ့သူအဖို့ အမွှာညီအစ်မတွေလားထင်မှတ်မှားရတဲ့ အူဝဲ နဲ့ တူမလေး မေတိုးခိုင် တို့နှစ်ဦးဟာ ရုပ်ချင်းအရမ်းဆင်သလို အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အရွယ်အစားမကွာသူတွေဖြစ်ပါတယ်။

ဖက်ရှင်ကျကျ ၀တ်စားကာ ပွဲတက်ခဲ့တဲ့ သူမတို့တူဝရီး နဲ့ ချစ်စရာကောင်းတဲ့ ချစ်သုဝေ တို့ အတူတူ အမှတ်တရလေးတွေပျော်ပျော်ပါးပါး ဖန်တီးခဲ့ပုံတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။  

Source :Eaindra Kyaw Zin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။