အဆိုတော် Rဇာနည်တို့ဇနီးမောင်နှံကတော့ ဒုတိယရင်သွေးလေးကို ပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ပထမသားလေးဖြစ်တဲ့ ဖစ်ဖစ်တုန်းလေးအပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ ဒုတိယရင်သွေးလေးကို မွေးဖွားမှာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘယ်ဆေးရုံမှာ မွေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့အခြေအနေပါတဲ့။ Rocker ကြီးတစ်ယောက်တော့ ပျော်နေမှာအသေအချာပါပဲ။

သူ့ရဲ့မင်္ဂလာပါဆိုတဲ့ အားမာန်ပါပါ နှုတ်ဆက်သံကြောင့် ပရိတ်သတ်တွေ ဝက်ဝက်ကွဲ သဘောကျခဲ့ကြပါသေးတယ်။ အမိုက်စား Rocker ကြီးပါပဲ။ သားနှစ်ယောက်လုံးကို တန်းတူ တတ်နိုင်သလောက်ဖြည့်စည်းပေးသွားမယ်လို့လဲ Interview တစ်ခုမှာ ဖြေကြားခဲ့ပါ သေးတယ်။ ပထမသားလေးဖြစ်တဲ့ ဖစ်ဖစ်တုန်လေးကိုချစ်သလို ဒုတိယရင်သွေးလေးကိုလဲ ချစ်ပေးကြပါလို့ ဇနီးဖြစ်သူ ဝမ်းကလဲတောင်းဆိုထားပါသေးတယ်။

ဖစ်ဖစ်တုန်လေးက အဖော်မင်လွန်းတာကြောင့် ညီလေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် အမြဲမွေးခိုင်း နေတတ်တယ်လို့လဲ ဇနီးဖြစ်သူဝမ်းက ဆိုပါသေးတယ်။ သားနှစ်ယောက်လုံးက ငယ်သေးတာဖြစ်လို့ သူမက ကျန်းကျန်းမာမာနေသွားမှာပါလို့လဲဆိုပါတယ်။ သားနှစ်ယော က်လုံးကို ဖိအားမပေးပဲ ကလေးတွေဖြစ်ချင်တဲ့ သူတို့ရည်မှန်းတဲ့ အရာတွေကိုပဲ ဖြည့်ဆည်း ပေးမယ်လို့ သူမကပြောပါတယ်။ အာဇာနည်တို့ဇနီးမောင်နှံရဲ့ ဒုတိယရင်သွေး သားရတနာ လေးအတွက် ပရိတ်သတ်ကြီး ဆုတောင်းပေးလိုက်ပါဦး

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။