ဒီနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ဝက်ဖို့စ်အသင်းကို ၄ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ပွဲစဉ် ၉ ပွဲကစားထားပြီးချိနိမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဖို့စ်အသင်းက ပွဲစဉ် ၉ ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ၊ ပတ်ဒရို၊ ဟာဇတ်၊ ဖာဘရီဂတ်၊ ဘာကာယိုကို၊ အလွန်ဆို၊ အယ်ပလီကွယ်တာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဖို့စ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီနေး၊ ရီချယ်လီဆင် ၊ ပါရေယား၊ ဟိုလ်းဘတ်၊ ကီကို၊ ကလီဗာလေ၊ ဒိုကာရို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးနည်းပြ ကွန်တီရဲ့ နည်းဗျူဟာ အပြောင်းအလဲဟာ မှန်ကန်ခဲ့တာဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲစလို့ ၁၂ မိနစ်မှာပဲ ပတ်ဒရို က ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးစတင်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးခါနီးမှာပဲ ဒိုကူရိုက ဝက်ဖို့စ်အသင်းအတွက်ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၄၉ မိနစ်မှာတော့ ပါရေယားက ဝက်ဖို့စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။၇၁ မိနစ်မှာ ဘတ်ရှူအာရီက ချဲလ်ဆီးအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ အယ်ပလီကွယ်တာက ၈၇ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဘတ်ရှူအာရီက( ၉၀+၅ ) မိနစ်မှာအသီးသီးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။