အောက်တိုဘာ၂၀ရက်နေ့ မနေ့ကညနေ(၆)နာရီခွဲအချိန်

မင်္ဂလာဒုံမြို့နယ်ပုလဲမြို့သစ်ရပ်ကွက်,စိန်ပန်းမြိုင်လမ်းတွင်ချစ်သူရည်းစားချင်းစကားများရန်ဖြစ်ရာမှလူသတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါလူသတ်မှုကိုသွားမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာမှာအသက်၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးဂုတ်ပိုးပြတ်ရှဒဏ်ရာများနဲ့နေရာမှာတင်ပွဲချင်းပြီးသေဆုံးနေခဲ့တာဖြစ်ပါတယ်။

အဆိုပါအခင်းဖြစ်ပွားရာနေအိမ်တွင် အသက်၁၇နှစ်အရွှယ်အမျိုးသမီးနဲ့ ၁၉နှစ်အမျိုးသား ချစ်သူစုံတွဲ၂ယောက်ချိန်းတွေ့နေစဉ်စကားများရန်ဖြစ်ခဲ့တာဖြစ်ပြီးမိန်းကလေးကပါးရိုက်လိုက်တာကြောင့် တရားခံအမျိုးသားဟာလက်တစ်လောဖြစ်ပေါ်လာတဲ့ဒေါသစိတ်ကိုမထိန်းချုပ်နိုင်ပဲထင်းခုတ်ရာတွင်အသုံးပြုတဲ့ဓားရှည်နဲ့သူမရဲ့ဂုတ်ပိုးကိုခုတ်ဖြတ်ခဲ့တာဖြစ်တယ်လို့စုံစမ်းစစ်ဆေးမှုတွေအရသိရပါတယ်။တရားခံအမျိုးသားဟာအခင်းဖြစ်ပွားရာအိမ်မှာခြံစောင့်အဖြစ်လုပ်ကိုင်နေတာဖြစ်ပြီးအဆိုပါအခင်းဖြစ်ပွားရာနေအိမ်သို့သေဆုံးသူမိန်းကလေးလာရောက်ချိန်းတွေ့နေစဉ်မှာအခုလိုလူသတ်မှုဖြစ်ပွားခဲ့ဖြစ်တယ်လို့သိရပါတယ်။

တရားခံအမျိုးသားဟာဒေါသစိတ်ကြောင့်ဓားဖြင့်ခုတ်သတ်လိုက်ပေမယ့်ထွက်ပြေးတိမ်းရှောင်ခြင်းမရှိပဲအခင်းဖြစ်ပွားရာနေအိမ်မှာပဲကိုယ်တိုင်အဖမ်းခံခဲ့တယ်လို့သိရပါတယ်။အဆိုပါတရားခံအမျိုးသားကို ရန်ကုန်တိုင်းဒေသကြီး,ထောက်ကြံ့နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၃၀၂နဲ့ဥပဒေအရအရေးယူဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။