မင်းသမီးပွင့်နဒီမောင်ဆိုတာ အနုပညာလောကထဲမှာ သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် အနုပညာအလုပ်တွေ ရပ်နားထားခဲ့တဲ့နောက်ပိုင်း ပရိတ်သတ်တွေနဲ့ အထိအတွေ့နည်းပါးသွားခဲ့ပါတယ် ။ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အကြောင်းရင်းကတော့ သူမရဲ့ ဖခင် ကျန်းမာရေးမကောင်းလို့ပါ ။

ဖခင်ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမှာ ရုပ်ရှင်တွေ ပြန်ရိုက်ခဲ့ပေမယ့် မင်းသမီးသစ်တွေ အများကြီး ပေါ်ထွက်နေတဲ့ကြားက သူမကိုချစ်တဲ့ပရိတ်သတ်တွေ ရှိပါဦးမလားလို့

သူမ အားငယ်နေရတဲ့ အကြောင်းကို အောက်ပါအတိုင်း ရင်ဖွင့်ပြောပြထားပါတယ် ။ 

" ကျမ ရုပ်ရှင်မရိုက်တာ ၃နှစ် အနည်းဆုံးရှိပါပီ...

ကျမ မှာ ဒီမိသားစု သုံးယောက်ပဲ ကျန်တော့တာပါ...?

အဲ့အချိန်မှာ ကျမ အဖေရဲ ့ ကျန်းမာရေး ကြောင့် ကျမ

ဆက်လုပ်ချင်ပင်မဲ့လည်း ကျမလုံးဝမရိုက်ခဲ့ဘူး.. ကျမရဲ့

ကိုယ်ပိုင်လုပ်ငန်း celebrity wedding

ဆိုင်လေးဖွင့်ရင်း နဲ့ပဲ ဖေဖေကျန်းမာရေးကို ပြုစုခဲ့တာပါ?

?အခုတော့ ဖေဖေဆုံးသွားတာ ၁၆ ရက်နေ ့ဆို ၂လ ပြည့်ပါပီ...

အခု ကျမဇာတ်ကားတွေပြန်ရိုက်တော့ အရင်လို ကျမကိုချစ်တဲ့ ပရိသတ်ရှိပါ့မလား.. မင်းသမီးအသစ်သစ်တွေ အများကြီးရှိတဲ့ အချိန်မှာ အဆင်ပြေပါ့မလား ဆိုတဲ့မေးခွန်း

ပေါင်းများစွာနဲ့ ရင်မောခဲ့ရတယ်... ?

ကျမဘဝတစ်လျောက်လုံးမှာ ...အခုအချိန်ဟာ ကျမရဲ့ အားအငယ်ရဆုံး အချိန်ပါ...??

ကျမဘဝရဲ့ တစ်ဆစ်ချိုးမှာလဲ .. အားပေးနှစ်သိမ့်ပေးမဲ့သူ.....ကျမကို ခွန်အားတွေ ပြန်ဖြစ်စေမဲ့ ချစ် ပရိသတ်ကြီးရဲ့

ချစ်ခင်မူတွေ အားပေးမှုတွေ ဝေဖန်အကြံပေးမူတွေ တကယ်လိုအပ်တယ်... ကျမရင်ထဲကစကားပါ??? " လို့ သူမကဆိုခဲ့တာပါ ။

အားငယ်နေတဲ့ ပွင့်နဒီမောင်က ပရိတ်သတ်တွေဆီက အားအင်တွေ လိုအပ်နေပါတယ်တဲ့ ။ ပွင့်နဒီမောင်ကို အားပေးတဲ့ ပရိတ်သတ်တွေ ရှိရင် ၀ုိင်းအားပေးလိုက်ကြပါဦးနော် ... 

သတင်းအရင်းမြစ် Pwint Nadi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။