ယခုတစ်ပတ်မှာတော့ Myanmarload ပရိသတ်ကြီးအတွက် ချစ်ရတဲ့အနုပညာရှင်တွေထဲမှာမ လူအများချစ်ခင်အားကျရတဲ့ အနုပညာရှင်စုံတွဲတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ပြေတီဦး နှင့် အူဝဲ

ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာမောင်နှံတွေထဲမှာ တီတီနဲ့ အူဝဲတို့အတွဲက ထိပ်ဆုံးကပါဝင်ပါတယ်။ နှစ်ဦးလုံး ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြပြီး သားသမီးနှစ်ယောက်နဲ့အတူ လူအများအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

၂။ ကိုစစ်နိုင် နှင့် သက်မွန်မြင့်

ချစ်သက်တို့ စုံတွဲကလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်။ သိပ်ချစ်တတ်တဲ့ ခင်ပွန်းနဲ့အတူ ချစ်စရာ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ချစ်သက်တို့ဇနီးမောင်နှ့ကိုတော့ ပရိသတ်တွေက အားကျနေကြပါတယ်။

၃။ လင်းလင်း နှင့် ချစ်သုဝေ

ပရိသတ်တွေရဲ့ အချစ်တော် ဇနီးမောင်နှံတွေထဲမှာ မပါမဖြစ်ကတော့ ကိုလင်းနဲ့ ထရီဇာတို့ မောင်နှံပါပဲ။ တုန်နေအောင် ချစ်ရတဲ့ အမြွှာမင်းသမီးလေးတွေကို ပိုင်ဆိုင်ထားပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ ဇနီးမောင်နှံဟာလည်း ပရိသတ်တွေကြား အားကျအတုယူစရာ ကောင်းလှပါတယ်။ 

၄။ လူမင်း နှင့် ခင်စံပယ်ဦး

ကိုလူမင်း နဲ့ မခင်စံပယ်ဦးတို့ မိသားစုဟာလည်း ပရိသတ်တွေ အားကျရတဲ့သူတွေထဲမှာ ပါဝင်ပါတယ်။ အိမ်ထောင်သက်တမ်းရှည်ကြာနေပေမယ့် အမြဲအချစ်မပြယ်တဲ့ သူတို့နှစ်ဦးရဲ့ ခရီးသွားဓာတ်ပုံတွေ ရှုတင်ရုက်ကွင်းပုံရိပ်တွေဟာ ပရိသတ်တွေကြား အားကျစရာ စုံတွဲတစ်တွဲ ဖြစ်စေပါတယ်။

၅။ ကိုစတီဗင်လှ နှင့် သင်ဇာနွယ်ဝင်း

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာမောင်နှံတွေထဲမှာ သင်ဇာတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ လက်ထပ်စမှာ ဝေဖန်မှုတွေများခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုတွေကြောင့် သိပ်ပျော်နေတဲ့ သင်ဇာကိုကြည့်ပြီး အမျိုးသမီးပရိသတ်အများစု အားကျရတဲ့ ဇနီးမောင်နှံဖြစ်စေခဲ့ပါတယ် ပရိသတ်ကြီးရေ...........

ကဲ ပရိသတ်ကြီးရေ အားကျရတဲ့ အနုပညာမောင်နှံတွေရှိသေးရင် ပြောခဲ့ကြအုန်းနော်.............

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။