နာမည်ကျော် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်တို့ မိသားစုဟာ ရခိုင်ဒေသအတွက် အလှူငွေကျပ် သိန်း(၃၀၀၀)ကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်..။ အကြမ်းဖက်ခံရတဲ့ ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းလိုက်ဖြစ်တယ်လို့ သိရပါတယ်..။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ၊ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)အတွက် အခြားထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့်အတူ အလှူငွေ ကျပ်သိန်း(၃၀၀၀)ကျပ်ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၀)ရက်နေ့ နေပြည်တော်တွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ မြန်မာနိုင်ငံလုပ်ငန်းရှင်များကြီးများရဲ့ ရခိုင်ဒေသအတွက် လှူဒါန်းမှုများကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်..။ အလှူငွေ စုစုပေါင်း ကျပ်သိန်းပေါင်း(၁၆၇၀၀၀)ကျပ် ရရှိခဲ့တယ်လို့ သိရပါတယ်..။ ထိုအကြောင်းအရာကို နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟ က ၎င်းရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထာပါတယ်..။ “ကျွန်တော်တို့ ဇေကမ္ဘာ မိသားစုမှ စုစုပေါင်း လှူဒါန်းငွေမှာ ကျပ်သိန်း (၁၆၀၀၀) ပါ..။ ဦးခင်ရွှေ - ကျပ်သိန်း (၁၀၀၀၀)၊ တိုးနိုင်မန်း + ဇေဇင်လတ် - ကျပ်သိန်း (၃၀၀၀)၊ ဇေသီဟ + နန္ဒာလှိုင် - ကျပ်သိန်း (၃၀၀၀)” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနန္ဒလှိုင်ဟာ အနုပညာလှုပ်ရှားမှုတွေကို မတွေ့ရတော့ဘဲ ခင်ပွန်းဖြစ်သူနှင့်အတူ သမီးလေးသုံးယောက်နဲ့ မိသားစုဘဝကို အောင်အောင်မြင်မြင် ဖြတ်သန်းနေတာ ဖြစ်ပါတယ်..။ နန္ဒလှိုင်ဟာ သူ့ရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုများနှင့်အတူ အကယ်ဒမီဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်..။ အနုပညာလှုပ်ရှားမှုတွေ မတွေ့ရတော့ပေမယ့် ယနေ့တိုင် ပရိသတ်အားပေးမှုများကို ဆက်လက်ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်..။

Source - နန္ဒာလှိုင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။