တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မိန်းကလေးချောလေး (၉)ယောက် Kpop အဆိုတော်အဖွဲ့ဖြစ်တဲ့ TWICE အဆိုတော် အဖွဲ့ဟာ ဂျပန်မှာ အအောင်မြင်ဆုံး Kpop အဖွဲ့အဖြစ် အောင်မြင်မှုကို ရရှိခဲ့ပါတယ်..။ ဂျပန်ဘာသာစကားနဲ့ သီဆိုထားတဲ့ သူတိုရဲ့ သီချင်းတစ်ပုဒ်ဟာ စတင်ထွက်ရှိချင်းမှာပဲ ဂျပန်နိုင်ငံရဲ့ ရောင်းအား အကောင်းဆုံး Music Album အဖြစ် စံချိန်မသစ်တစ်ခုကို ရရှိခဲ့ပါတယ်..။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၈)ရက်နေ့က ဂျပန်ဘာသာစကားနဲ့ သီဆိုထားတဲ့ Single သီချင်းတစ်ပုဒ်ဖြစ်တဲ့ “One More Time” ဆိုတဲ့ သီချင်းသစ်တစ်ပုဒ်ကို ဂျပန်နိုင်ငံတွင်းမှာ ဖြန်ချီခဲ့ပါတယ်..။

အဲ့ဒီသီချင်းသစ်ဟာ စတင်ဖြန့်ချီတဲ့နေ့မှာပင် Copy ချပ်ရေးပေါင်း (၉)သောင်းခွဲလောက်အထိ ရောင်းချနိုင်ခဲ့ပါတယ်..။ သို့ပေမယ့် ဒါဟာ စံချိန်တင်ရောင်းချမှုတော့ မဟုတ်သေးပါဘူး..။ သီချင်းသစ်ထွက်ပြီး ဒုတိယနေ့မှာတော့ Copy ချပ်ပေါင်း (၄)သောင်းခွဲလောက်ကို ထပ်မံရောင်းချနိုင်ခဲ့ပါတယ်..။ ဒါဟာ သီချင်းသစ်ထွက်ရှိပြီး ပထမတစ်ပတ်အတွင်းမှာပဲ Copy ချပ်ရေပါင်း (၁)သိန်း(၄)သောင်း လောက်အထိကို ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်..။ ထို့ကြောင့် ဂျပန်နိုင်ငံမှာ သီချင်းသစ်ထွက်ရှိပြီး ပထမပတ်အတွင်းမှာ ရောင်းအားအကောင်းဆုံး Kpop အဖွဲ့ရဲ့ သီချင်းသစ်အဖြစ် အောင်မြင်မှု စံချိန်သစ်တစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

မိန်းမချောလေး (၉)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ TWICE အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ Kpop အဆိုတော် အဖွဲ့ဝင်တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်..။ “Like Ooh-Ahh” တေးသီချင်းနဲ့ Kpop ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြြစ်ပီး JYP Entertainment ရဲ့ Kpop အဖွဲ့လည်း ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၀)နေ့ဟာ သူမတို့ရဲ့ TWICE အဖွဲ့ရဲ့ (၂)နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်..။ အဖွဲ့ရဲ့နှစ်ပတ်လည်နေ့မှာလည်း သူတို့ရဲ့ ပရိသတ်များအတွက် အမှတ်တရများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်..။ လာမယ့်အောက်တိုဘာ(၃၀)ရက်နေ့မှာတော့ “Twicetagram” ဆိုတဲ့ Full Album ကို ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။