အာရှခြေစစ်ပွဲဝင်ဖို့ကမ္ဘောဒီးယားကိုသွားတဲ့မြန်မာယူ-19


အာရှယူ-19ဝင်ဖို့ဂျပန်နိုင်ငံမှာလေ့ကျငိ့ပြင်ဆင်နေတဲ့မြန်မာ

အသင်းဟာမနေ့ကပဲဂျပန်နိုင်ငံကနေကမ္ဘောဒီးယားကို

မနေ့ကညကရောက်ရှိသွားပါပြီ။မြန်မာအသင်းဟာ

မြန်မာ့လက်ရွေးစင် အသင်းသည် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖိလစ်ပိုင် နဲ့စတင်ကစားရမှာပါ။ အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့အိမ်ရှင်ကမ္ဘောဒီးယား အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာလ ၂၈

ရက်တွင် တရုတ် အသင်းနဲ့ယှဉ်ပြိုင်ရမှာပါ။

အာရှခြေစစ်ပွဲမှာအုပ်စုပထမအသင်းများနှင့် အကောင်းဆုံး အုပ်စု ဒုတိယ ၅ သင်းသည် ခြေစစ်ပွဲအောင်မြင်မှာပါ။

မြန်မာအနေနဲ့အုပ်စုပထမမရခဲ့ရင်တောင်ဖိလစ်ပိုင်ကမ္ဘော

ဒီးယားတို့လို့ကိုယ့်ထက်ခြေစွမ်းနိမ့်တဲ့အသင်းတွေပါနေတာကြောင့်အုပ်စုဒုတိယနေရာကနေခြေစစ်ပွဲအောင်ဖို့ရာခိုင်နှုန်း

များနေပါတယ်။ဖိလစ်ပိုင်ကမ္ဘောဒီးယားတို့နဲ့တွေ့ရင်ဂိုးများများပေးဂိုးနည်းနည်းဆော့ထားဖို့တော့လိုတာပေါ့။တရုတ်ကတော့မြန်မာ

အသင်းထက်ခြေစွမ်းမြင့်တာကြောင့်သရေရလဒ်ကို

ဦးတည်ကစားရမှာပါ။

မြန်မာ-19အသင်းရဲ့ဖနွမ်းပင်ခရီးမှာ ဂိုးသမားများအဖြစ် ထက်ဝေယံစိုး၊ အောင်မြင့်မြတ်၊ ထွန်းနန္ဒာဦး၊ နောက်တန်းကစားသမားများအဖြစ် အောင်ဝဏ္ဏစိုး၊ ကျော်ပြုံးဝေ၊ နိုင်ကိုကို၊ ပြည့်ဖြိုးမောင်၊ စည်သူမိုးခန့်၊ စိုးမိုးကျော်၊ သန်းထိုက်ဇင်၊ သက်ပိုင်ထွေး၊ 

အလယ်တန်းကစားသမားများအဖြစ် အံ့မော်ဦး၊ လွင်မိုးအောင်၊  မြတ်ကောင်းခန့်၊ နန်းထိုက်ဇော်၊ ၀ဏ္ဏထွန်း၊ ရှေ့တန်းကစားသမားများအဖြစ်  ဟိန်ူထက်အာင်၊ ထက်ဖြိုးဝေ၊ ပြည့်စုံလှိုင်၊ ဝေယံဦး၊ ၀င်းနိုင်ထွန်း၊ ဒွေးကိုကို၊ ဇော်မွန်းအောင်တို့ ပါ၀င်သွားကြတယ်လို့သိရပါတယ်။နည်းပြကတော့ဦးချစ်နိုင်ပါ။ပြီးခဲ့တဲ့ဂျပန်ခြေစမ်းပွဲတွေမှာတော့

သုံးပွဲစလုံးဂိုးပြတ်ရှံုးထားပါတယ်။အာရှခြေစစ်ပွဲမှာရော...

Sources -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။