လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နာတွေမှာ ဝေဖန်မှုများနေတဲ့ ကိုးယို့ကားယားရုပ်ရှင်ဇာတ်ကားကိုဖျက်သိမ်းလိုက်ပါတယ်။ဒီဇာတ်ကားကို ရိုက်ကူးတဲ့းဒါရိုက်တာ ပြည်ဟိန်းသီဟ ကိုယ်တိုင်ကလည်း သူ့ရဲ့ဖေ့ဘုတ်ကနေပြီးတော့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်

“ကဲ ပြသနာအားလုံးရှင်သွားအောင်

ကိုးယို့ကားယား ရုပ်ရှင်ဇာတ်ကားအား ဆက်လက်၍ ရိုက်ကူးခြင်းမရှိတော့ပါကြောင်း လိုက်လဲရှင်းမပြချင်တော့ကြောင်းနှင့် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြသနာများကိုယခုနည်းဖြင့်သာ ဖြေရှင်းလိုက်ကြောင်း အသိပေးအကြောင်းကြားလိုက်ပါသည်” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။

ဒီဇာတ်ကားဟာ မသန်စွမ်းတွေကိုဟာသသဘောဖြင့်ရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။မင်းသားကိုယ်တိုင်က မသန်စွမ်းနေရာကိုသရုပ်ဆောင်ရပြီး မသန်စွမ်းတွေကို စိတ်ဓာတ်ခွန်အားမပေးဘဲ လှောင်ပြောင်သလိုဖြစ်တယ်ဆိုပြီး လူမှုကွန်ယက်မှာဝေဖန်မှုများခဲ့တာလဲဖြစ်ပါတယ်။တကယ်တော့ ဒီဇာတ်ကားဟာ ရံပုံငွေရှာတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားရဲ့ဇာတ်သိမ်းမှာတော့ မသန်းစွမ်းတွေရဲ့စွမ်းဆောင်ရည်ကြီးမားတယ်ဆိုတဲ့ပုံစံနဲ့ ဇာတ်သိမ်းထားတာဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - pyi hein thiha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။