အဆိုတော်အိမ့်ချစ်ကတော့ တကယ့်ကိုပြည်သူချစ်အနုပညာရှင်စစ်စစ်ပါပဲနော်။ သူမရဲ့ ပရိတ်သတ်တွေက သူမရဲ့ One Lady Show ဖြစ်တဲ့ Beyond The Success ပွဲမှာဝတ်ဖို့ အတွက် အိမ့်ချစ်ရဲ့ Designer ဆီမှာ အိမ့်ချစ်မသိအောင် တိတ်တိတ်လေး သွားအပ်ပေးထား ပါတယ်တဲ့။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ We Love လေးတွေပဲနော်။ ဒီနေ့ 22.9.2017 မှာလဲ သူမရဲ့ Beyond The Success concert Premium Party ပွဲလေးကျင်းပမှာ ဖြစ်ပါတယ်။

သူမရဲ့ Party ပွဲလေးကိုလဲ Myanmar Premium နဲ့ The Vibe တို့က Supporting လုပ်ပေး ထားတာပဲဖြစ်ပါတယ်။ ဒီပွဲကို Media တွေ အနုပညာညီကိုမောင်နှမများနဲ့ သူမရဲ့ Show ပွဲ လက်မှတ်ကို VVIP တန်းကမှာယူကြည့်ရှုသူတွေ တက်ရောက်မှာပဲဖြစ်ပါတယ်။ အရမ်း မိုက်တဲ့ Party ပွဲလေးဖြစ်မှာ အသေအချာပါပဲ ပရိတ်သတ်ကြီးရေ။

အိမ့်ချစ်ရဲ့ One Lady Show (Beyond The Success) ပွဲကို November 3 ရက်နေ့ ကန်တော် ကြီးမျှော်စင်ကျွန်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအတွက်ပဲ We Love Eint Chit (Emily) အဖွဲ့ဝင်တွေက သူမအတွက် ဝတ်စုံလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ One Lady Show ပွဲနေ့မှာ We Love တွေ ဆင်ပေးတဲ့ အင်္ကျ ီလေးနဲ့ အိမ့်ချစ်တစ်ယောက်တော့ အရမ်းကို ချစ်စရာ ကောင်းနေမှာ အသေအချာပါပဲ ပရိတ်သတ်ကြီးရေ။ We Love လေးတွေ ဘယ်လို အလန်းစားလေး ချုပ်ပေးလိုက်တယ်ဆိုတာ ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက် မယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။