အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ဝါရင့်သရုပ်ဆောင် မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ မြတ်ကေသီအောင် ကတော့ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းလိုက်ပြီလို့ သိရပါတယ်။ ယခုတလော လူမှုစာမျက်နှာထက်မှာ အမျိုးသမီးတစ်ဦးရဲ့ အဝတ်ဗလာနဲ့ဓာတ်ပုံတွေဟာ ပျံ့နှံ့နေခဲ့ပြီး ထိုဓာတ်ပုံထဲက အမျိုးသမီးဟာ မြတ်ကေသီအောင် ဖြစ်တယ်လို့ ပြောဆိုလာကြပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး မြတ်ကေသီအောင်ဟာ သူမရဲ့ Fan Page ကနေတဆင့် ယခုလို ပြန်လည်ဖြေရှင်းထားတာ တွေ့ရပါတယ်။

''မနေ့ကစပြီးFacebookမှာကျွန်မပုံဆိုပြီးအဝတ်အစားကင်းမဲ့စွာနဲ့ပုံတွေပျံနှံလာတာတွေ့ရတယ်။

ကျွန်မအဲ့လောက်အရှက်မကင်းမဲ့ပါဘူးရှင်။ယုံတဲ့သူတွေကလည်းယုံကြတယ်။

ဒီလောက်နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာဂျပိုးကိုလိပ်ဖြစ်အောင်လုပ်နေကြတာပဲရှင်။

တင်တဲ့သူတွေသူတို့မှာနှမနဲ့အမေမရှိကြဘူးလားရှင်။

ကျိန်းသေတာတစ်ခုကျွန်မဘက်ကပြောနိုင်တာကတော့အဲ့ပုံတွေက ကျွန်မပုံတွေလုံးဝမဟုတ်ပါဘူး။

ကျွန်မရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေလိုလို့ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေကြတာ။ ပရိသတ်ကြီးလဲသတိထားပြီးယုံကြပါနော်

ကျွန်မအဖြစ်ကိုကိုယ်ချင်းစာရင်ဒီpostလေးကိုShareပေးကြပါနော်'' လို့ ရေးသား ပြောဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ......

Source: Myat Kay Thi Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။