ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ကလီစာတစ်ခုဖြစ်ပြီး အဓိကအားဖြင့် သွေးကို ဆေးကြောသန့်စင်ပေးတဲ့ လုပ်ငန်းတွေအားလုံးကို လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းက ရေနဲ့ သတ္ထုဓာတ်ပမာဏကို ထိန်းညှိပေးတာဖြစ်ပါတယ်။ အဲ့ဒီကတစ်ဆင့် ပိုလျှံထွက်လာတဲ့ အရည်များအား ဆီးအိမ် ဆီပို့ပြွန်မှ တစ်ဆင့် ဆီးအဖြစ် ထွက်ရှိလာခြင်းပဲဖြစ်ပါတယ်။

အမျိုးသား အမျိုးသမီး ကလေး လူကြီးများအားလုံးရဲ့ ပုံမှန်ဆီးအရောင်ဟာ ၀ါဖျော့ဖျော့ (သို့) အဝါရောင်ဖြစ်တယ်ဆိုတာ သိကြမှာပါ။ ဆီးအရောင်ကြည့်ပြီး ကိုယ့်ရဲ့ကျန်မာရေးအခြေအနေကို သုံးသပ်လို့ ရပါတယ်။

(၁) ကျန်းမာရေးကောင်းသူရဲ့ ဆီးအရောင်ဟာ အနယ်အနှစ်မပါပဲ ကြည်လင်သော ၀ါဖျော့ဖျော့ဖြစ်ပြီး ရေသောက်များလေ ဆီးအရောင်ဖျော့လေ ဖြစ်ပါတယ်။

(၂) ဆီးထဲမှာ သွေးပါခြင်းဟာ သွေးမတိတ်ရောဂါ ၊ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ဆီးအိမ်ကင်ဆာတို့နဲ့ ဆက်စပ်နေပါတယ် အထူးသဖြင့် အသက်(၄၀)ကျော်အမျိုးသားများအတွက် ဆီးအိမ်ကင်ဆာဖြစ်နိုင်ချေ များလို့ သတိပြုပေးပါ။

(၃) အချို့ဝမ်းနုတ်ဆေးများနဲ့ အကြောပြတ်ဆေးများမှာ Cascara ဓာတ်ပါရှိတာကြောင့် ဆီးသွားတဲ့အခါ အညို့ရင့်ရင့် သို့ လက်ဖက်ရည်ကြမ်းရောင် ပြောင်းနေတတ်ပါတယ်။ အသည်းပျက်စီးခြင်း အသည်းရောင်ရောဂါ ကျောက်ကပ်အတွင်း သွေးခဲပြီး ပျက်စီးခြင်းတို့ကလည်း ဆီးအရောင်ကို အညိုရင့်ရင့်ရောင် ပြောင်းစေတတ်သလို ကိုကာကိုလာရောင်ဆီးပျစ်ပျစ်သွားပါက ဆီးအိမ်နဲ့ကျောက်ကပ်မှာ ပြင်းထန်တဲ့ရောဂါရနိုင်ပါတယ်။

(၄)ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် သွေးဖြု၊နီဥ ဆဲလ်များထဲမှာ ဘက်တီးရီးယားများ တိုးပွားလာကြာကာ ဆီးအရောင်ဟာ နို့ရောင် ဖြုသွားတတ်ပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းဟာ ဆီးကိုဖြူုစေပါတယ်။

(၅) အနီရောင် (သို့) ပန်းရောင်ဆီးသွားခြင်းကို ဆီးထဲမှာ သွေးပါတယ်လို့ ထင်မှတ်မှားလေ့ရှိကြပါတယ်။ အနီရောင်သကြားမုန်လာဥနဲ့ ဘယ်ရီသီးအနီရောင်တွေစားမယ်ဆိုရင် ဆီးနီစေသလို Anti- psychotics ဓာတ်ပါရှိသော ဆေးဝါးအချို့သောက်သုံးခြင်းကလည်း ဆီးနီစေပါတယ်။

(၆)ဘီယာသောက်ခြင်းနဲ့ ကယ်ရိုတင်းဓာတ်ပါတဲ့ မုန်လာဥနီစားခြင်းဖြင့် ဆီးလိမ္မော်ရောင်သွားစေသလို ဗီတာမင်စီအလွန်ကျွံသောက်သုံးခြင်း၊ခီမိုဆေးသွင်းကုသခြင်းနဲ့ ပိုးသတ်ဆေးအချို့ကလည်း ဆီးကိုလိမ္မော်ရောင်ဖြစ်စေပါတယ်။၀မ်းအဖြူုရောင်သွားနေပါကပ အသည်းရောင်အသားဝါလက္ခဏာဖြစ်ပါတယ်။

(၇)ထုံဆေး မေ့ဆေးအချို့က အစိမ်းရောင်ဆီးသွားစေသလို ကညွှတ်အမြောက်အများစားသုံးခြင်းဖြင့် ဆီးအရောင်ကို စိမ်းဖန့်ဖန့်ဖြစ်ပြီး ဆီးရနံ့ဆိုးဝါးစေပါတယ်။

(၉)အော်ဂလီဆန်ပျို့အန် ပျောက်ဆေးအချို့ဟာ ဆီးအပြာရောင်ဖြစ်စေတတ်သဖြင့် စိုးရိမ်ဖွယ်ရာမရှိပါဘူး။

(၁၀) ဦးနှောက်နဲ့ အာရုံကြော ရောဂါရှိသူရဲ့ ဆီးဟာ မာပယ်လ် ပန်းရနံ့ထွက်ရှိပြီး ဆီးချိုဝေဒနာသည်ရဲ့ ဆီးဟာ အချိုနံ့ထွက်သဖြင့် မိမိကိုယ်ကို ဆန်းစစ်ပါ။

ဆီးကျောက်တည်သူများနဲ့ ဆီးအနည်ပါသူတွေဟာ တစ်နေ့ကို ရေ(၃)လီတာခန့်သောက်သုံးပြီး ကွမ်းမစားသင့်ပါဘူး။

အားလုံးပဲ ကျန်းမာရွှင်လန်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။