Miss Myanmar International 2015 ရဲ့ Winner ဆုရှင်လေး အမရာငြိမ်းကတော့ ပြင်ဦးလွင်ကိုရောက်ရှိလို့နေပါတယ်။ သူမရဲ့အလှပုံရိပ်တွေကိုလဲ ပရိတ်သတ်တွေအတွက် မျှဝေပေးထားပါသေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလဲ သူမက ငပလီကမ်းခြေကို ရောက်နေခဲ့တာပါ။ ခရီးတွေသွားနေတဲ့ Miss လေးပေါ့။

သူမကလတ်လောမှာတော့ Photo Shooting တွေနဲ့ အခမ်းအနားတွေမှာ တက်ရောက် ပေးနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာတော့ သူမကို မတွေ့ရသေးပါဘူး။ မေမြို့ရောက် အမရာငြိမ်းတစ်ယောက် ဒီဇင်ဘာခြံ စားဥယျာဉ်ထဲမှာ မှတ်တမ်းတင်ခဲ့တဲ့ သူမရဲ့ ပုံရိပ် လေးတွေက အမဲနဲ့အဖြူဖောက် ဂါဝန်အရှည်လေးနဲ့ အရမ်းကိုလိုက်ဖက်နေပါတယ်။

အမြဲတမ်းချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးနဲ့ ပရိတ်သတ်ကိုကြည်နူးစေတတ်တဲ့ Miss အမရာငြိမ်းရဲ့ ပုံရိပ်လေးတွေက စွဲမက်ချင်စရာလေးတွေပါပဲ။ သူမကိုချစ်တဲ့ We Love Group လေးတွေကလဲ သူမရဲ့ အလှပုံလေးတွေကို ချစ်စနိုးနဲ့ စနောက်တတ်ကြပါသေးတယ်။ Miss အမရာငြိမ်းရဲ့ ခရီးသွားအလှဓာတ်ပုံလေးတွေကို ပရိတ်သတ်တွေအတွက် တင်ဆက်ပေး လိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။