မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်ဖြစ်မှာ အက်သလက်တီကိုအသင်းက အိမ်ရှင် ဆယ်တာဗီကို အသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းရဲ့ နောက်တန်းကစားတွေနဲ့ ဂိုးသမားကောင်းမွန်ခဲ့တာကြောင့် ယခုပွဲမှာ သုံးမှတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၁၉ မှတ်ရရှိထားပြီး အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ဆဲလ်တာဗီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အဲပက်၊ စစ်တို၊ ဂိုမက်၊ ဟာနန်ဒက်၊ ဒန်နီရယ်ဝက်စ်၊ လိုဘော့ကာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါမဲရိုး၊ ဂရက်စမန်း၊ ကော်ရီယာ ၊ဆောလ်၊ ဂါဘီ၊ သောမက် တို့ကို ထည့်သွင်း အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆဲလ်တာဗီကိုအသင်းဟာ အက်သလက်တီကိုအသင်းကို တိုက်လျှောက်တိုက်စစ်ဆင်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဆဲလ်တာဗီကိုအသင်းက ဂိုးကန်သွင်းချက် ၁၉ ကြိမ်လောက်ရှိခဲ့ပေမယ့် အက်သလက်တီကိုဂိုးသမားလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုးတောင်မရရှိခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၂၈ မိနစ်မှာ ဂါမဲရိုး က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ယခုပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man of the match ကိုတော့ အက်သလက်တီကို အသင်းရဲ့ဂိုးသမား အောဘလက် က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။