နှင်းဆီမင်းသမီးလေးလို့ပရိသတ်တွေကြားရေပန်းစားတဲ့မင်းသမီးချောလေးဖူးစုံပဲဖြစ်ပါတယ်။ပရိသတ်ချစ်မင်းသမီးချောလေးဖူးစုံရဲ့အနုပညာလှုပ်ရှားမှုတွေရုပ်ရှင်ဇာတ်ကားတွေကိုလဲပရိသတ်တွေချစ်ခင်အားပေးခဲ့ကြရမှာပါ။မင်းသမီးချောလေးဖူးစုံဟာတစ်နိုင်ငံလုံးကပရိသတ်တွေကိုရယ်မောပျော်ရွှင်မှုတွေပေးနိုင်ခဲ့တဲ့နှင်းဆီအဖွဲ့ရဲ့ခေါင်းဆောင်မင်းသမီးချောလေးလဲဖြစ်ပါတယ်။သူမရဲ့အကအလှတွေကိုလဲပရိသတ်တွေနှစ်သက်အားပေးခဲ့ကြပြီးပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့နှင်းဆီမင်းသမီးချောလေးဖူးစုံရဲ့တူမလေးအခရာဟာပရိသတ်တွေအရမ်းကိုချစ်ကြရပြီးလူမှုကွန်ယက်တွေလဲပရိသတ်တွေကြားရေပန်းစားချစ်ခင်လျက်ရှိပါတယ်။မင်းသမီးချောလေးဖူးစုံဟာ၀၀ကစ်ကစ်လေးနဲ့အရမ်းကိုချစ်ဖို့ကောင်းတဲ့တူမလေးအခရာရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲသူမရဲ့လူမှုကွန်မှာအမြဲမျှဝေလျက်ရှိပြီးပရိသတ်တွေကိုအချစ်ပိုစေခဲ့ပါတယ်။စကားလဲအရမ်းတက်ပြီးချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေနဲ့မျိုးစုံချွဲတက်တဲ့တူမလေးအခရာကြောင့်နေတိုင်းပျော်ရွှင်နေရပါတယ်လို့ဆိုပါတယ်။ချစ်ရတဲ့တူမလေးအခရာဟာဓာတ်ပုံရိုက်ရတာလဲအရမ်းဝါသနာပါပြီးတီတီထက်အိုက်တင်ပိုကောင်းနေတဲ့လူလည်မလေးပါလို့ဆိုပါတယ်။

လက်ရှိမှာတော့နှင်းဆီမင်းသမီးချောလေးဖူးစုံဟာအနုပညာလုပ်ငန်းတွေခေတ္တရပ်နားထားပြီးစီးပွားရေးလေးတွေလုပ်ဖြစ်နေတာကြောင့်ပရိသတ်တွေနဲ့အနဲငယ်အလှမ်းဝေးလို့နေပါတယ်။ချစ်စရာကောင်းတဲ့တူမလေးနဲ့ပဲနေတိုင်းသူမရဲ့နေ့ရက်လေးတွေကိုဖြတ်သန်းပျော်ရွှင်နေရပါတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာတော့ပရိသတ်တွေအတွက်အနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်မှာဖြစ်သလိုပရိသတ်တွေချစ်ခင်အားပေးတဲ့နှင်းဆီအငြိမ့်အဖွဲ့မှာလဲခေါင်းဆောင်မင်းသမီးလေးအဖြစ်ဆက်လက်ရှိနေအုန်းမှာပါလို့ဆိုပါတယ်။မင်းသမီးချောလေးဖူးစုံရဲ့ချစ်စရာအရမ်းကောင်းတဲ့တူမလေးအခရာရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ဖူးစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။