နားကိုက်တဲ့ ဝေဒနာဟာ တကယ့်ကို ခံရခက်တဲ့ ဝေဒနာ တစ်မျိုးပဲဖြစ်ပါတယ်။ နားကိုက်တဲ့အခါ နေမရ၊ ထိုင်မရ ဖြစ်ပြီး တစ်ဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲရတာမျိုးပါ။ နားအတွင်းထဲက ဖြစ်တာမို့ အပြင်ကနေလည်း ဘာမှမမြင်ရတာကြောင့် ကုသဖို့ ဆေးထည့်ဖို့လည်း မလွယ်ကူလှပါ။

ဒါကြောင့် ရှေးဦးသူနာပြုနည်းလည်း ဖြစ်ပြီး အိမ်မှာ အလွယ်တကူ ရှိတဲ့ ပစ္စည်းနဲ့ ကုသလို့ ရမဲ့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်းလမ်းက အရမ်းလွယ်ကူပြီး နားကိုက်ခြင်းကိ သက်သာ ပျောက်ကင်းစေပါတယ်။ လိုအပ်တဲ့ ပစ္စည်းကလည်း ကြက်သွန်နီ တစ်မျိုးပဲ ဖြစ်ပါတယ်။ 

ကြက်သွန်နီကို တစ်လွှာချင်း ခွာပြီး နောက်ဆုံးတွင် အလယ်အူတိုင်ရောက်တဲ့ အထိ ခွာပါ။ အလယ်အူတိုင်ကို နှစ်ခြမ်းခြမ်းပြီး နားတစ်ဖက်ဆီကို ထည့်ပြီး အိပ်ရာ ၀င်ပါ။ မနက်မိုးလင်းရင် နားကိုက် သက်သာ ပျောက်ကင်းသွားပါလိမ့်မယ်။

ကြက်သွန်နီမှာ ကိုက်ခဲ ရောင်ကိုင်းတာတွေ သက်သာပျောက်ကင်းစေပါတယ်။ နားကိုက်တာအပြင် အခြားသော တိရစ ္ဆာန်လေးတွေ ကိုက်ခံရရင်လည်း ရောင်လာတဲ့ အနာအပေါ်ကို ကြက်သွန်နီ စဉ်းထားတာတွေ၊ နှစ်ခြမ်း ပိုင်းထားတွေကို ကပ်ပေးပါ။

ကြက်သွန်နီကို အနာပေါ် ကပ်ပေးပြီးနောက် တစ်နာရီလောက်ကြာရင် ရောင်ရမ်း ကိုက်ခဲနေတာတွေ လျော့ပါးသွားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ပဲဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းများအတွက်ပဲဖြစ်ဖြစ် တကယ်အသုံးဝင်တာကြောင့် ဒီနည်းလမ်းလေးကို မျှဝေ ပေးနိုင်ပါတယ်။

Source: MyFood 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။