အောက်တိုဘာ၂၂ရက်မနေ့ကည၉နာရီအချိန်တွင်အင်းစိန်မြို့နယ်,မြို့သစ်(က/ခ)ရပ်ကွက်,အိမ်အမှတ်(၂၃၆/က)အိမ်တွင်မွေးထားသည့်အိမ်မွေးခွေးတစ်ကောင်ဟာသခင်များကိုပြန်ကိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအိမ်မွေးခွေးတစ်ကောင်ဟာစိတ်ရိုင်းဝင်ခဲ့ပြီးမိသားစုဝင်အိမ်ရှင်သခင်တွေကိုပြန်ကိုက်ခဲ့တာကြောင့်မိသားစုဝင်များကမီးသတ်တပ်ဖွဲ့ဝင်များကိုဖုန်းဆက်အကူညီတောင်းခဲ့ရတယ်လို့သိရပါတယ်။အကူညီတောင်းခံခဲ့တဲ့အိမ်ရှင်မိသားစုဝင်၃ဦးကိုမြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ကယ်ဆယ်ခဲ့ရတယ်လို့သိရပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်များဟာအိမ်ရှင်မိသားစုကိုဝင်ရောက်ကယ်ဆယ်ပြီးတဲ့နောက်မှာတော့အဆိုပါစိတ်ရိုင်းဝင်နေတဲ့ခွေးကိုဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးလှောင်အိမ်အတွင်းသို့ထည့်သွင်းပေးခဲ့တယ်လို့သိရပါတယ်။၎င်းခွေးကိုက်ခံခဲ့ရတဲ့မိသားစုဝင်တွေကိုလဲအင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီးစိုးရိမ်စရာအခြေအနေမရှိဘူးလို့လဲသိရပါတယ်။အဆိုပါခွေးကိုက်ခံရဲတဲ့မိသားစုဝင်တွေကိုလဲခွေးရူးပြန်ကာကွယ်ဆေးများထိုးကာဆေးကုသမှုခံယူပြီးနေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်လို့မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ 

သတင်းအရင်းအမြစ် - မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။