Facebook ဆိုတဲ့လူမှုကွန်ယက်ဟာ မြန်မာပြည်မှာခေတ်စားလာခဲ့တာ အနည်းငယ် ကြာခဲ့ပြီဖြစ်ပါတယ်။ သုံးစွဲသူတွေဟာလဲ တစ်နေ့ထက်တစ်နေ့များပြားလာခဲ့ပြီး သတင်းတွေ ဟာလဲ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ မြန်မာပြည်က အနုပညာရှင်တွေအားလုံးလဲ Facebook ကိုသုံးစွဲပြီး ပရိတ်သတ်တွေနဲ့အမြဲတမ်း ရင်းနှီးနွေးထွေးစွာ ရှိလာခဲ့ကြပါတယ်။

Facebook Version တွေ Update မြင့်တာနဲ့အမျှ တစ်ခုပြီးတစ်ခု ဆန်းသစ်တဲ့ Function လေးတွေ ပိုပိုပြီးတိုးလာတော့တာပါပဲ။ အခုဆိုရင်လဲ ကိုယ်ငယ်ငယ်က ပညာရည်နို့ သောက်စို့ခဲ့တဲ့ ကျောင်းတော်ကြီးတွေကို ကိုယ့်ရဲ့ Profile Picture မှာ Frame အနေနဲ့ ထည့်သွင်းလို့ရနေပါပြီ။

မြန်မာပြည်က Celebrity အချို့လဲ ကိုယ်ငယ်ငယ်က တက်ခဲ့ဘူးတဲ့ကျောင်းတော်တွေကို ကိုယ့်ရဲ့ Profile Picture မှာ Frame အနေနဲ့ထည့်သွင်းပြီး အမှတ်တရတွေကို ပြန်လည် တူးဖော်ကြပါတယ်။ ဖွေးဖွေး ၊ နန်းစုရတီစိုး၊ ခင်ဝင့်ဝါနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ကတော့ Frame လေးတွေနဲ့ကိုယ်စီကိုယ်စီ ကျောင်းတော်ကြီးတွေကို အမှတ်တရအဖြစ် Post တင်ထား ပါသေးတယ်။ ပုံလေးတွေနဲ့တကွ တွဲပေးထားတာမို့ ပရိတ်သတ်ကြီး ကြည့်လိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။