အဲဗာတန်အသင်းဟာ မနေ့က အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်ပြဖစ်သူ ရော်နယ်ကိုလ်းမန်းကို ထုတ်ပယ်လိုက်ပြီလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ရလဒ်တွေတောက်လျှောက်ဆိုးဝါးနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲကစားထားပြီချိန်မှာ ၈ မှတ်သာရရှိထားပြီး အဆင့် ၁၈ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

ရာသီမစခင်တုန်းက ပေါင်သန်းတစ်ရာကျော်အသုံးပြုခဲ့ပြီး လူအင်အားဖြည့်တင်းခဲ့ပေမဲ့ ထင်မှတ်ထားသလို ရလဒ်တွေမကောင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း နိုင်ပွဲမရရှိသေးပဲ အုပ်စုအောက်ဆုံးနေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ရော်နယ်ကိုလ်းမန်းဟာ အဲဗာတန်အသင်းကို ၁၆ လ ကိုင်တွယ်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

အဲဗာတန်အသင်းရဲ့ နောက်ထပ် နည်းပြသစ်ဘယ်သူဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။ရော်နယ်ကိုလ်းမန်းကတော့ ယခုရာသီ ပရီးမီးယားလိဂ် မှာ နှစ်ယောက်မြောက်ထုတ်ခံခဲ့ရတဲ့ သူလည်းဖြစ်ပါတယ်။ပထမဦးဆုံးထုတ်ခံရတဲ့သူတစ်ယောက်ကတော့ လက်စတာနည်းပြ ရှိတ်စပီးယား ပဲဖြစ်ပါတယ်။

Source: Everton Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။