အဲဗာတန်နည်းပြဟောင်း ဒေးဗစ်မိုယက်ဟာ အသင်းဟောင်းအဲဗာတန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဆန္ဒမရှိကြောင်း ပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ တနင်္လာနေ့က နည်းပြဖြစ်သူ ရော်နယ်ကိုးလ်မန်းကို ရာထူးကနေထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ်မိုယက်ဟာ အဲဗာတန်ကွင်းကို နောက်တခေါက်ပြန်လည်ခြေချဖို့ ဆန္ဒမရှိကြောင်း ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ကိုးလ်မန်းဟာ ရာသီအစက ပေါင်သန်း၁၅၀ကျော် အသုံးပြု ပြီး အသင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပေမယ့် မျှော်လင့်ထားသလို ရလဒ်တွေမကောင်းခဲ့တာကြောင့် အဲဗာတန်အသင်းက ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။ ရွန်းနေ၊ ဆန်ဒရို၊ မိုက်ကယ်ကိန်း၊ ဆီဂတ်ဆန်တို့ကို ဝယ်ယူအားဖြည့်ထားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ၉ပွဲကစားထားပြီးချိန်မှာတော့ ရမှတ်၈မှတ်သာရရှိထားပြီး အဆင့် ၁၈ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဒေးဗစ်မိုယက်ဟာ ၂၀၁၃ခုနှစ်က အဲဗာတန်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွေ့နည်းပြခဲ့တာလည်းဖြစ်ပါတယ်။ မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဆိုစီဒက်၊ ဆန်းဒါးလန်းအသင်းတို့မှာ နည်းပြခဲ့တာလည်းဖြစ်ပါတယ်။ 

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။