အနုပညာလောကမှာ နာမည်ပျက်မရှိ ပရိသတ်အခိုင်အမာနဲ့ အချိန်အတော်ကြာ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေနိုင်သူကတော့ ထပ်ဆင့် အကယ်ဒမီ ခိုင်သင်းကြည် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချစ်ရတဲ့ မခိုင်လေးရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထား ကလည်း အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေတာတွေ့ရပါတယ်။

အဆိုတော် ဖက်ကိုပိုပြီးအားသန်ပေမယ့် ကမ်းလှမ်းလာတဲ့ ကြော်ငြာအချို့နဲ့ ဓာတ်ပုံတွေကိုတော့ လက်ခံရိုက်ကူးဖြစ်နေတဲ့ ထိပ်ထိပ်လေးဟာ ပရိသတ်အချို့ရဲ့ အနှုတ်သဘောဆောင်တဲ့ ဝေဖန်မှုတွေခံခဲ့ရပေမယ့် မေ့မေ့ကို ချစ်ကြလို့ ပျော်ပါတယ်လို့ ဖြေဆိုခဲ့ပါတယ်။ အရင်တစ်ခါတွေကတော့ ရှုတင်ကို မေမေခရီးသွားနေလို့ မပါလာပေမဲ့ ဒီနေ့တော့ ထိပ်ထိပ်လေးက မေမေခိုင်သင်းကြည်နဲ့အတူ ရှုတင်သွားခဲ့တယ်လို့ မခိုင်လေးရဲ့ facebook ကတဆင့် သိရပါတယ်။

"ကျမကမင်းသမီးအမေ,နောက်လိုက်တယောက်ပါရှင့်?" ဆိုပြီး မခိုင်လေးကတော့ သူမရဲ့ facebook မှာ ရေးတင်ထားပါတယ်။ ဒီရှုတင်မှာတော့ ထိပ်ထားလေးနဲ့အတူ ခေတ်သစ်ပျိုမေက မမတွေ ချစ်ရသော အူဝဲရဲ့ တူမလေး မေတိုးခိုင်တို့လည်းအတူပါဝင်ပြီး မိတ်ကပ်ပိုင်းကိုတော့ မိတ်ကပ် မထက်က ပြင်ဆင်ပေးခဲ့တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

Source: Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။