ပရိသတ်အချစ်တော် အဆိုတော် ဝေလျှံတစ်ယောက်ကတော့ သားနှစ်ယောက် ဖခင်ဖြစ်လို့သွားပါပြီ ပရိသတ်ကြီးရေ။ အစတည်းက သားယောက်ျားလေး လိုချင်နေတဲ့ ဖေဖေဝေလျှံကတော့ သားအမြွှာလေးတွေရဲ့ ဖခင်ဖြစ်လို့ ပျော်လို့မဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ 

သားလေးနှစ်ယောက်ကို အောင်အောင်မြင်မြင်မွေးဖွားပေးခဲ့တဲ့ ဆရာဝန်ကြီးတွေနဲ့အတူ တရက်တည်းအတူ ဖခင်ဖြစ်သွားတဲ့ အဆိုတော် ဒီယံနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကား ယခုလိုဆိုထားတာတွေ့ရပါတယ်။ 

"21.10.2017 တွင် ကျွန်တော် မောင်ဝေလျှံဖြိုးနှင့် မသန့်စင်မွန် တို့ ရဲ့ သားရတနာနှစ်ပါး ကို

အောင်မြင်စွာ မွေးဖွားသန့်စင် ပေးပါသော

သားဖွားနှင့်မီးယပ်ဆရာဝန်ကြီး

ဆရာမ ဒေါက်တာ ဒေါ်ငြိမ်းမိုးသော် နှင့်

ကလေးအထူးကုဆရာဝန်

ဒေါက်တာ ဦးဇော်မင်းထွေးနှင့်ဇနီး

ဒေါက်တာ ဒေါ်မြတ်စန္ဒာ မေ့ဆေးဆရာဝန်ကြီး

ဒေါက်တာဒေါ်မိမိအောင် နှင့် အခြား တာဝန်ရှိ သက်ဆိုင်ရာ ဆရာ ဆရာမ များ ပင်လုံဆေးရုံ နှင့် တာဝန်ကျ

ဝန်ထမ်း များ မွေးဖွားသည့်နံနက်တွင်တကူးတကလာရောက်ကူညီပေးသော သူငယ်ချင်း ဒီဖြိုး Dphyo Vocalist ရဲ့ဇနီး Noble LinChit

သူနာပြုဆရာမများ အားလုံးကို မေတ္တာရှေ့ထား

ဂရုစိုက်ပေးတဲ့အတွက် သားသားလေး၂ယောက်

ကိုယ်စားကျေးဇူးအထူးတင်ရှိပါသည်ခင်မျာ

လူကိုယ်တိုင် လာရောက် ဆုမွန်ကောင်းတောင်းပေး

ချစ်ခင်သူများ နှင့် FB မှ ဆုတောင်းပေးကြသော

မိတ်ဆွေသူငယ်ချင်းများ အားလုံး ကို လဲ

ကျေးဇူးတင်ရှိပါသည် ခင်မျာ" ဆိုပြီး ဆိုထားပါတယ်။

အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သီချင်းအသစ်တွေ ထပ်မံပြုလုပ်နေပြီး ထွက်ရှိဖို့လည်း ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ပျော်ရွှင်စရာကောင်းတဲ့ ဝေလျှံတို့ ဇနီးမောင်နှံနဲ့ အမြွှာသားလေးတွေရဲ့ ပုံရိပ်တွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်......

Source: Wai Hlian Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။