Example အဖွဲ့ဆိုရင် သိကြမယ်ထင်ပါတယ်။ 90 Born တွေကြားမှာရေပန်းစားခဲ့တဲ့ ကွီးလေး ယောက်ပေါ့။ သီချင်းအမိုက်စားတွေနဲ့ သူ့ခေတ်သူ့အခါက ပရိတ်သတ်တွေကို ဖမ်းစားခဲ့တဲ့ Star လေးယောက်ပေါ့။ နောက်ပိုင်းတွေမှာ ထွန်းထွန်းတစ်ယောက်ပဲ အနုပညာလောက ထဲမှာ ကျန်ရစ်ခဲ့ပြီး သက်အောင် ထူးကျော် နဲ့ ဖြိုးမောင်မောင် တို့ကိုတော့ သိပ်မတွေ့ရတော့ ပါဘူး။

ထင်အောင်ထွန်းဆိုတဲ့ ထွန်းထွန်းတစ်ယောက်ကတော့ အနုပညာခရီးလမ်းရဲ့ မှတ်တိုင် တစ်ခုဖြစ်တဲ့ အကယ်ဒမီရွှေစင်ရုပ်ထုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ Example လေးယောက် ပြန်လည်စုစည်းပြီး တခြား 90 Born တွေကြား ရေပန်းစားခဲ့တဲ့အဖွဲ့တွေဖြစ်တဲ့ Acid - Theory – TooBIG – TEENS – SYSTEM - မြေပဲယို - OKRA – NO – BAMBINO – KOOK အဖွဲ့တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တင်ဆက်မှာပဲဖြစ်ပါတယ်။

အဲဒီ့အမိုက်စားအဖွဲ့တွေ့ကို တစ်စုတစ်စည်းထဲတွေ့ရမယ့်ပွဲကတော့ Back to MiLLENiUM (The Last Chapter) ပဲဖြစ်ပါတယ်။ November 18 ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ 90 Born တွေအတွက်တော့ တကယ့် ငယ်ဘဝပြန်ရောက်သွားမယ့် အခြေအနေတစ်ခုကို ပိုင်ဆိုင် ရမှာပါ။ အားလုံးပျော်မြူးနိုင်မယ့်ပွဲလေးမို့ မလွတ်တမ်းသွားရောက် အားပေးလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။