မကြာခင်က အခြေအနေတင်းမာခဲ့သော ကိစ္စဖြစ်တဲ့ 'ဥက္ကဌကတောင် အပြာကားဆန်ဆန်တွေ ရိုက်နေတော့' ဆိုတဲ့ စကားနှင့် ပတ်သက်ပြီး သရုပ်ဆောင်လူမင်းက ဒါရိုက်တာမောင်မျိုးမင်းကို တရားစွဲမယ်ဆိုပြီး ထွက်ပေါ်လာပါတယ်။ မောင်မျိုးမင်းကို တောင်းပန်ဖို့ပြောသော်လည်း မတောင်ပန်သေးတဲ့အတွက်ကြောင့် ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်မည်ဟုဆိုလာတဲ့ လူမင်း၊ ပို့လာတဲ့နို့တစ်စာထဲတင် တောင်းပန်ရန်သာပါပြီး ညှိနှိုင်ူဆွေးနွေးမည်ဆိုတဲ့စကားမပါခဲ့ တောင်းပန်စရာမရှိသော်လည်း ညှိနှိုင်းမည်ဆိုရင်လက်ခံမည့်မောင်မျိုးမင်း.....

ထိုကဲ့သို့တင်းမာနေခဲ့သော်လည်း ညှိနှိုင်းမည်ဆိုတဲ့စကားမောင်မျိုးမင်းဘက်က ထွက်လာတဲ့ အတွက်ကြောင့် နိုဝင်ဘာ ၁၀ ရက်နေ့က ရုပ်ရှင်အစည်းအရုံးမှာ နာယကကြီးများ၊ ဥက္ကဌများ၊ အမှုဆောင်များနှင့် ညှိနှိုင်းခဲ့ရာ ပြေလည်သွားပြီလို့သိရပါတယ်။ သရုပ်ဆောင်လူမင်းကလည်း တရားစွဲမည့်ကိစ္စကိုရပ်ခဲ့ပြီး မောင်မျိုးမင်းကလည်း သူဖြေကြားခဲ့တဲ့ စကားများမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ နှင့်တကွ အစည်းအရုံး၏ဂုဏ်သိက္ခာတွေကိုပါထိခိုက်စေတဲ့အတွက် နာယကကြီးရဲ့ ဆန္ဒအပြင် ရုပ်ရှင်လောကသားအချင်းချင်း စည်းလုံးညီညွတ်စေရေးကိုရှေးရှု၍ ပြန်ရုပ်သိမ်းတယ်လို့ဆိုခဲ့ပါတယ်။

ထိုကဲ့သို့ နာယကတွေရော အမှုဆောင်တွေကြောင့် အပြင် ရှေ့ဆက်တိုးရင် နှစ်ဦး နှစ်ဖက် နစ်နာမည့်အတွက်ကြောင့်သာ ပြေလည်ခဲ့ရသော်လည်း ဓာတ်ပုံထဲမှာ နှစ်ယောက်သားဟာ မပြုံးနိုင်ကြသေးပါ။ မထိမခံသာအပြုံးများနှင့်သာ ကလေးနှစ်ယောက် စိတ်ကောက်နေသလို အပြုံတွေကိုတွေ့ရတာလည်း ရယ်စရာတော့ အကောင်းသားပါ။ ဘာပဲဖြစ်ဖြစ် ပြေလည်သွားတော့လည်း ပြီးတာပါဘဲလေ။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။