မနက်က ဖီဖာဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဖီဖာအကောင်းဆုံးကစားသမား ၁၁ ယောက်ကို ရွေးချယ်ဆုချီးမြင့်ခဲ့ပါတယ်။အကောင်းဆုံးကစားသမားဆု ကို ရီးရဲလ်မက်ဒရစ်အသင်းက ၅ ယောက်နဲ့ အများဆုံးပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်က ကစားသမားတွေတော့ တစ်ယောက်မှပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။

၂၀၁၇ ခုနှစ် ဖီဖာအကောင်းဆုံး အသင်း

ရှေ့တန်း - စီရော်နယ်ဒို၊ မက်ဆီ၊ နေမာ။

အလယ်တန်း - အင်နေယေစတာ၊ တိုနီကရူးစ်၊ မိုဒရစ်။

နောက်တန်း - အဲလ်ဗက်၊ ဘိုနူချီ ၊ ရာမို့စ်၊ မာဆယ်လို။

ဂိုးသမား - ဘူဖွန် တို့ပဲဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် ဖီဖာကပေးအပ်တဲ့ နောက်ထပ်ဆုတွေကိုတော့

စီရော်နယ်ဒိုက အကောင်းဆုံးကစားသမား(အမျိုးသားဆု )ကိုရရှိခဲ့ပါတယ်။

လီကီမာတင်က အကောင်းဆုံးကစားသမား(အမျိုးသမီးဆု) ကိုရရှိခဲ့ပါတယ်။

ဘူဖွန်ကတော့ အကောင်းဆုံးဂိုးသမားဆုကိုရရှိခဲ့ပါတယ်။

ဂျီရော့ကတော့ ဂိုးသွင်းအလှဆုံးဆု ကိုရရှိခဲ့ပါတယ်။

ဆဲလ်တစ်ပရိတ်သတ်တွေကတော့ အကောင်းဆုံးပရိသတ်ဆုကို ရရှိခဲ့ပါတယ်။

ဇီဒန်းကတော့ အကောင်းဆုနည်းပြဆုကို ရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

source - fifa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။