နိုင်ငံကျော်အဆိုတော် နားထောင်မှုအများဆုံးအဆိုတော်လို့လဲပြောလို့ရတဲ့ အဆိုတော်မနောကတေတာ့ သူ့ရဲ့သီချင်းတွေကို နားမခံနိုင်အောင်ဖွင့်တဲ့အပေါ် မေးမြန်းမှုကိုအခုလိုဖြေကြားခဲ့ပါတယ်။

“သူတို့ကိုဒီကနေ တောင်းပန်ရမှာပေါ့။သူသူကိုကိုလေ…တခါတခါ လူကစိတ်ကတရားဘက်ရောက်နေလို စိတ်ကအေးအေးချမ်းချမ်းလေးနေချင်လို့ နားနေမယ် တရားလေးလုပ်နေမယ်ဆိုရင် ဟိုဘက်ကသူတို့ကလူငယ်သဘာဝပြောနေလို့ ဖွင့်တယ်ဆိုပေမဲ့ သူတို့နှစ်ယောက်ကကြိုက်ညီတော့ ဒီဘက်ကတရားသမားကစိတ်ညစ်သွားမယ် ပုဂ္ဂိုလ်ရေးအရ စိတ်ညစ်စရာရှိနေမယ် အဲအချိန်မှာဒီကအပျော်သီချင်းတွေဖွင့်နေမယ် ကြာတော့လာပြီကျရောက်နိုင်တယ်လေ အဲအပေါ်မှာဒါလေးသက်ဆိုင်တာလေးတွေ နားငြီးသွားတာရှိမယ် အဲအပေါ်ကျနော်ကတောင်းပန်ပါတယ်…ဒါတွေကရှိတတ်သဘောသဘာဝတွေပါ။”

မနောကတော့ သူရဲ့ပရိသတ်တွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။သူဟာ လူကြိုက်များတဲ့အဆိုတော်တစ်ယောက်လဲဲဖြစ်ပြီး အချို့ကလည်းရပ်ကွက်အတွင်း အလှူခံများ မဏ္ဍပ်များမှ များစွာဖွင့်မှုများကြောင့် ဝေဖန်မှုတွေလဲ ရှိကြပါတယ်။

သတင်းအရင်းအမြစ် - မနော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။