ပရိသတ်တွေကတော့ခေါင်းစဉ်နဲ့တင်အရမ်းကိုစိတ်ဝင်စားနေမယ်လို့ထင်ပါတယ်။ဟုတ်ပါတယ်ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားဖို့ကောင်းစေမယ့်ဟိန်းဝေယံရဲ့အရင်နဲ့လုံးဝမတူတဲ့ဇာတ်ကားလေးရိုက်ကူးသွားမယ်လို့သိရပါတယ်။ဟိန်းဝေယံရိုက်ကူးမယ့်စိတ်ဝင်စားစရာဇာတ်ကားနာမည်ကတော့’ထောင်မှထွက်ပြီးနောက်တစ်နေ့’(Deliverance)လို့အမည်ရပါတယ်။၂၀၁၅ခုနှစ်Mayလ၇ရက်နေ့ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အခြေအနေတစ်ခုကိုမှီညမ်းရိုက်ကူးမယ့်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။အလန်းစားActionတွေနဲ့အကြမ်းစားဖောက်ခွဲရေးသရုပ်ပြမှုများနဲ့ရိုက်ကူးသွားမှာဖြစ်တယ့်အတွက်ပရိသတ်တွေတကယ်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ 

ဒီဇာတ်ကားလေးဟာသာမာန်ဗီဒီယိုဇာတ်ကားတွေနဲ့မတူပဲပရိသတ်တွေအလန်းစားActionရိုက်ကွက်တွေကိုမြင်တွေ့ခံစားနိုင်စေဖို့အပင်ပန်းခံအချိန်ပေးရိုက်ကူးရမယ့်ဇာတ်ကားလေးဖြစ်တယ်လို့ဒီဇာတ်ကားလေးကိုတာဝန်ယူရိုက်ကူးမယ့်လူငယ်ဒါရိုက်တာကိုအောင်ချမ်းကခုလိုပဲပြောပြပေးသွားပါတယ်။ဒီဇာတ်ကားလေးကိုဝါရင့်သရုပ်ဆောင်များအပြင်မျက်နှာသစ်လူငယ်သရုပ်ဆောင်များစွာလဲပါဝင်ရိုက်ကူးမှာဖြစ်တယ်လို့လဲသိရပါတယ်။ဒီဇာတ်ကားလေးရဲ့ဖောက်ခွဲရေးပိုင်းကိုတာဝန်ယူထားတဲ့သွေးအေးပြီးလက်ရဲဇတ်ရဲနဲ့အလန်းစားချိန်ကိုက်ဗုံးတွေကိုဖန်တီးဖောက်ခွဲပေးလေ့ရှိတဲ့ ကိုGum Htoi(Bomb Specialist)ကပံ့ပိုးကူညီပေးမှာဖြစ်တယ်လို့သိရပါတယ်။

အလန်းစားဓာတ်ပုံတွေကိုဖန်တီးရိုက်ပေးလေ့ရှိတဲ့ ၂၀၁၅ခုနှစ်ရဲ့ရုပ်ရှင်ထူးချွန်ဆုရှင်ကိုတိုးက Director Of Photographyအနေနဲ့တာဝန်ယူပြီးအလန်းစားဓာတ်ပုံတွေကိုရိုက်ကူးပေးသွားမယ်လို့သိရပါတယ်။ဓာတ်ပုံပညာရှင်ကိုတိုးဟာOriginal angsters 1မှာ DOP အနေနဲ့ပါဝင်ခဲ့ပြီး Original gangsters3 မှာတော့ ဒါရိုက်တာ အနေနဲ့တာဝန်ယူရိုက်ကူးထားသူလည်းဖြစ်ပါတယ်။အခုလိုပညာရှင်တွေနဲ့ဝါရင့်အနုပညာရှင်များစွာပါဝင်ရိုက်မှာဖြစ်တဲ့အတွက်ပရိသတ်တွေအတွက်အရမ်းစိတ်ဝင်းစားဖို့ကောင်းမယ့်ဇာတ်လေးဖြစ်စေမှာပဲဖြစ်ပါတယ်။

ပရိသတ်ချစ်သရုပ်ဆောင်ဟိန်းဝေယံဟာယခုရိုက်ကူးမယ့်’ထောင်မှထွက်ပြီးနောက်တစ်နေ့’(Deliverance)အမည်ရတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးရဲ့အဓိကအကျဆုံးသရုပ်ဆောင်တစ်ယောက်နေရာကပါဝင်ရိုက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီဇာတ်ကားလေးဟာတကယ်ကိုစွန့်စားခန်း(Risk)အများကြီးလုပ်ဆောင်ရမယ့်ကားလေးဖြစ်တယ်လို့လဲဆိုပါတယ်။ပရိသတ်တွေအတွက်အကောင်းဆုံးဖန်တီးမှုပုံရိပ်တွေကိုတင်ဆက်နိုင်ဖို့အကောင်းဆုံးကြိုးစားသွားပါလို့လဲဆိုပါတယ်။ပရိသတ်တွေဇာတ်ကားနာမည်ကြားရုံနဲ့စိတ်ဝင်းစားစေနိုင်ပြီးအလန်းစားရိုက်ချက်တွေနဲ့’ထောင်မှထွက်ပြီးနောက်တစ်နေ့’(Deliverance)ဇာတ်ကားလေးကိုစောင့်မျှော်အားပေးကြဖို့ Ready ဖြစ်နေမယ်လို့လဲမျှော်လင့်ပါတယ်။

သတင်းအရင်းအမြစ် - ဟိန်းဝေယံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။