လှည်းတန်းတွင် bus ကား ၄စီးတိုက်မိပြီး လူများပိတ်မိနေ၍ကယ်ဆယ်ခဲ့ရ

ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားအနီး ရန်ကုန်-အင်းစိန်လမ်းမပေါ် လှည်းတန်းမှတ်တိုင် တွင် (၁၂၄)လိုင်းကားမှ အရှိန်လွန်ပြီး ရှေ့ကားများ အား ဝင်တိုက်မိကာ ယာဉ်မောင်းပိတ်ညှပ်မိနေသဖြင့် အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူ း ဆရာဦးဌေးဝင်း ဦးဆောင်သည့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များ မှာ ဦးစွာရောက်ရှိ ကယ်ဆယ်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်(191) ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ထပ်မံရောက်ရှိ၍ ပစ္စည်းကရိယာများ အသုံးပြုကာ ကယ်ဆယ်ထုတ်ယူခဲ့ကြပါတယ်။

ဒဏ်ရာရရှိသည့် လူနာကို ဦးစွာရောက်ရှိနေသည့် အားမာန်ပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း(ERSSDO) မှ သတင်ရလျှင်ရချင်း လူနာတင်ယာဉ်(၂)စီးထွက်ခွာ၍ အသင့်ကူညီနိုင်ရန် သွားရောက်ခဲ့ပါတယ်။

Credit - ERSSDO-ရေး.ကယ်.ထောက်.ကူ

(အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း)

-အရေးပေါ်လူနာတင်ယာဉ်-

-၂၄နာရီ/အခမဲ့ကူညီသည်-

၀၉၂၆၀၀၁၃၂၇၃

၀၉၂၆၀၀၁၃၂၇၈

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။