မြန်မာအသင်းရဲ့မက်ပီများ

မက်ပီဆိုတာဖီဖာရဲ့Golden Boyလတ်တလောရရှိထားတဲ့

ကစားသမားတစ်ဦးပါ။မိုနာကိုအသင်းမှာခြေစွမ်းတွေပြပြီး

ဒီနှစ်မှာPSGကိုပြောင်းရွှေ့ကာနေမာနဲ့တွဲကစားနေသူပေါ့။

သူဟာထူးချွန်တဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီးဂိုးတွေသွင်း

ပြီးတဲ့အခါမှာလည်းလက်ပိုက်တဲ့ပုံစံနဲ့အောင်ပွဲခံလေ့ရှိပါတယ်။

မနေ့ကမြန်မာအသင်းမှာလည်းသူ့လိုအောင်ပွဲခံခဲ့ကြတဲ့

သူနှစ်ယောက်ရှိပါတယ်။သူတို့နှစ်ယောက်ကတော့မြတ်ကောင်းခန့်နဲ့လွင်မိုးအောင်ပါ။

သူတို ့ဒီလိုအောင်ပွဲခံခဲ့တာကိုကြည့်ပြီးမက်ပီရဲ့ကစားဟန်ဟာ

သူတို့အပေါ်ဘယ်လောက်လွှမ်းမိုးနေသလဲဆိုတာသိနိုင်ပါတယ်။

ကောင်းသောအတုယူခြင်းမျိုးပါ။မနေ့ကဆိုရင်မြတ်ကောင်းခန့်ဟာဟင်ထရစ်သွင်းယူခဲ့ပြီး

ဂိုးသွင်းပြီးရင်မက်ပီပုံစံနဲ့လက်ပိုက်အောင်ပွဲခံခဲ့ပါတယ်။

နောင်တစ်ယောက်ကတော့လွင်မိုးအောင်ပါ။

သူကန်သွင်းသွားတဲ့ပုံစံက blistering shotပုံစံ

ကန်သွင်းယူခဲ့တာဖြစ်ပြီးအလွန်လှပါတယ်။

သူ့လိုBlistering Shotတွေကိုဟယ်ရီကိန်းတို့နိုင်ဂိုလန်တို့

ကန်သွင်းလေ့ရှိပါတယ်။မြန်မာအသင်းဟာဖိလစ်ပိုင်

ကိုခြောက်ဂိုးပြတ်နိုင်ခဲ့ပေမယ့်ရန်ကုန်မှာကန်သွားတဲ့

ပွဲတုန်းကဆို7ဂိုးပြတ်နိုင်ထားတာပါ။ဒါပြီးရင်ကမ္ဘောဒီးယား၊

တရုတ်တို့နဲ့ကစားရမှာဖြစ်ပြီးမြန်မာမက်ပီများအုပ်စု

ထိပ်ဆုံးကနေခြေစစ်ပွဲအောင်ဖို့စွမ်းဆောင်ပေးနိုင်မှာလား

ဆိုတာတော့စိတ်ဝင်စားစရာပါ။မနေ့ကတရုတ်နဲ့ကမ္ဘောဒီးယားပွဲကိုကြည့်မိပါတယ်။နှစ်သင်း

စလုံးခြေစွမ်းသိပ်အကောင်းကြီးမဟုတ်ပါဘူး။

မြန်မာမက်ပီတို့ခြေစွမ်းပြဖို့သာလိုပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။