မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ လက်စတာအသင်းဟာ လိဒ် အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ယခုပွဲမှာ မန်စီးတီးအသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နာချိုက တော့ EFL Cup မှာ လက်စတာအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။လက်စတာအသင်းနည်းပြသစ်ရဲ့ နှစ်ပွဲဆက် အနိုင်လည်းဖြစ်ပါတယ်။ 

လက်စတာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စလီမာနီ ၊ နာချို ၊ ဂါရေး၊ ကင်း၊ အမာတီ၊ အယ်ဘရိုက်တန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိဒ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီဘစ်ကီ၊ ဟာနန်ဒက်၊ ဂရော့၊ ရူဖီ၊ ကလစ်ချ်၊ ဖီးလစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာလက်စတာအသင်းဟာ အဓိကကစားသမားတွေကို ထည့်သွင်းအသုံးမပြုခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ မာရက်စ်၊ ဗာဒီ တို့ကို ထည့်သွင်းကစားစေခဲ့ပြီး အနိုင်ရလဒ်ကို ရယူခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကို နော်ဝှစ်အသင်းက စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၃၄ မိနစ်မှာ မာဖီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ နော်ဝှစ်အသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ချေပဂိုးကိုတော့ လူစားဝင်ကစားသမား နက်တီယက် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အချိန်ပိုဆက်လက်ကစားခဲ့ပြီး အာဆင်နယ်အသင်းအတွက်အနိုင်ဂိုးကိုတော့ နက်တီယက်ကပဲ ၉၆ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။