မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အင်တာမီလန်အသင်းဟာ ဆမ်ဒိုးရီးယား အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာ တစ်ပွဲပိုကန်ထားပြီး နာပိုလီအသင်းကို ဖြတ်ကျော်ကာ အဆင့် ၁ နေရာမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းကို ၁ မှတ်ဖြတ်ထားတာလည်းဖြစ်ပါတယ်။ယနေ့ည ဂျီနိုအာအသင်းအိမ်ကွင်းမှာ နာပိုလီအသင်းသွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အီကာဒီ၊ ကန်ဒရီဗာ၊ ဗာလီရို၊ ပီရီဆစ်၊ ဗီစီနို၊ ဂါဂလီယာဒီနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆမ်ဒိုးရီးယားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကွာဂလီရယ်လာ၊ ဇာပါတာ၊ ရာမီးရက်၊ ဘာရက်တို၊ တော်ရီယာ၊ ပါရက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှုးအီကာဒီကတော့ ၁၀ ပွဲကစားထားပြီးချိန်မှာ ၁၀ ဂိုး သွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အင်တာမီလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၈ မိနစ်မှာ စကရီနီယာ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်းအတွင် ဒုတိယဂိုး နဲ့ တတိယဂိုးတွေကိုတော့ အီကာဒီကပဲ (၃၂ မိနစ်.၅၄ မိနစ်)မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဆမ်ဒိုရီးယားအသင်းအတွက် ပထမဆုံးချေပဂိုးကိုတော့ ၆၄ မိနစ်မှာ ကိုနက်ကီ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယမြောက် ချေပဂိုးကိုတော့ ကွာဂလီရယ်လာ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။