မြန်မာအသင်းခမာကိုကျော်ဖြတ်နိုင်မှာလား

မနေ့ကမြန်မာကဖိလစ်ပိုင်ကိုခြောက်ဂိုးပြတ်နိုင်ပါတယ်။

ပြိုင်ဘက်တွေဖြစ်တဲ့တရုတ်နဲ့ကမ္ဘောဒီးယားတို ့ရဲ့ပွဲမှာတော့

အာရှအင်အားကြီးတရုတ်ကနာကျင်အချိန်ပိုသွင်းဂိုးဖြင့်

ခမာတို့ကိုအသဲခွဲခဲ့ပါတယ်။မနက်ဖြန်မြန်မာတို့အိမ်ရှင်

ကမ္ဘောဒီးယားနဲ့ကစားရတော့မည်။မြန်မာတို့ခမာကိုနိုင်လျှင်

ခြေစစ်ပွဲအောင်ဖို့အခြေအနေကောင်းသွားမည်ဖြစ်ပါတယ်။

မနေ့ကပြသသွားသောခြေစွမ်းတွေအရခမာခြေစွမ်းက

ပေါ့သေးသေးတော့မဟုတ်။

အခြေအနေအရပ်ရပ်ကိုအနုလုံပဋိလုံသုံးသပ်ကြည့်ရင်

ကမ္ဘောဒီးယားကဒီအသင်းကိုစနစ်တကျပျိုးထောင်ထားတယ်

လို့ဆိုရပါမယ်။ပါဝင်တဲ့ကစားသမားတွေကဖနွမ်းပင်ကရောင်း

တို့လိုထိပ်သီးကလပ်တွေမှကစားသမားတွေပါပါတယ်။နည်းပြ

ကလည်းဂျပန်နည်းပြမစ္စတာကာဇူနိုရီ။လူကောင်နဲ့အလုံးအထည်ကတော့မြန်မာအသင်းထက်တောင်နိမ့်နေသေးတယ်လိို့ုဆိုရပါမယ်။အသင်းလိုက်ကစားသော

အသင်းဖြစ်ပြီးရှေ့တန်းကတိကင်ဟိန်းကတော့သတိထား

ရမည့်ကစားသမားဖြစ်ပါတယ်။တိကင်ဟိန်းကိုချန်ဗာသာနာကာလက်သစ်အဖြစ်ကမ္ဘောဒီးယားပရိသတ်တွေကသတ်မှတ်ထားပါတယ်။တစ်ဦးချင်းထက်

အသင်းလိုက်ကစားသောအသင်းဖြစ်ပြီးနောက်တန်းကတော့အမှားအယွင်းများတာတွေ့ရပါတယ်။

မြန်မာအသင်းကိုတော့ဘယ်လိုသုံးသပ်ရမလဲမသိ။

ဂိုးပြတ်နိုင်သော်လည်းလိုအပ်ချက်များစွာရှိသေးပါတယ်။

မနေ့ကခြောက်ဂိုးသွင်းသော်လည်းတိုက်စစ်မှူးများဖြစ်သော

ပြည်စုံနိုင်နဲ့ဝင်းနိုင်ထွန်းတို့တစ်ဂိုးမှမသွင်း။ကမ္ဘောဒီးယားနဲ့ပွဲမှာတော့သူတို့ဂိုးပေါက်ပြန်ရှာတွေ့ဖို့မျှော်လင့်ရပါတယ်။အားရစရာကောင်းတာကကွင်းလယ်က

မြတ်ကောင်းခန့်နဲ့လွင်မိုးအောင်တို့အကောင်းဆုံး

ခြေစွမ်းပြနေခြင်းပင်။မနက်ဖြန်ပွဲမှာလည်းသူတို့နှစ်ယောက်ကပဲအနိုင်အရှုံးကိုအဆုံး

အဖြတ်ပေးသွားမည်ဖြစ်ပါတယ်။ဂိုးသွင့်ခွင့်တွေကိုသာ

တိတိကျကျအဆုံးသတ်နိုင်လျှင်မြန်မာတို့ခမာကိုမနိုင်စရာမရှိ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။