ဗိုလ်ချုပ်ဒိုင်းကိုတောင်ပေါ်ဒေသဆီသယ်ဆောင်သွားတဲ့

တောင်ပေါ်ရှမ်းလေးများ


ဗိုလ်လုပွဲဖြစ်တာနဲ့အညီရန်ကုန်ရောရှမ်းရောအပြင်းအထန်ကြိုးစားခဲ့ကြပြီးပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ဒီပွဲမှာအမှားအယွင်းပြုလုပ်တဲ့အသင်းရှုံးနိမ့်သွားတာလို့ပြော

လို့ရပြီးနောက်တန်းတွေမှားယွင်းမှုတွေပြုလုပ်ခဲ့လို့

ရန်ကုန်ရှုံးနိမ့်သွားခဲ့တာပါ။ရန်ကုန်အနေနဲ့ကွင်းလယ်ချင်းယှဉ်ပြိုင်ရာမှာလည်းရှမ်းကိုအရေးနိမ့်ခဲ့ကြီးတင်ဝင်းအောင်ဦးဆောင်တဲ့ကွင်းလယ်ဟာရန်အောင်ကျော်ဦးဆောင်တဲ့ရန်ကုန်ကွင်းလယ်ကိုစီးထားနိုင်ခဲ့ပါတယ်။


ပထမပိုင်းပြီးခါနီးပထမဂိုးကိုတော့ထောာင့်ကန်ဘောကနေတဆင့်မက်ဆီမင်ကရှမ်းအတွက်စတင်သွင်းယူပေးခဲ့ပါတယ်။

ရှမ်းအတွက်ဒုတိယဂိုးကိုရန်ကုန်နောက်ခံလူမွန်ကာလူး

ရဲ့အမှားကနေခရစ္စတိုဖာကထပ်မံသွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့်သိပ်မကြာခင်မှာဆီဆာကကန်ကုန်အတွက်ပထမချေပဂိုးသွင်းပေးခဲ့ပါတယ်။ချေပဂိုးပေးလိုက်ရပြီးနောက်မှာတော့

ရှေ့မှာအလုပ်မဖြစ်တဲ့ဇင်မင်းထွန်းကိုထုတ်ပြီးအောင်ရှိုးသယမောင်ကိုထည့်သွင်းခဲ့ပါတယ်။အောင်ရှိုးသာမောင်ဝင်လာပြီး

ရှမ်းတိုက်စစ်ပိုမိုအခွင့်အရေးရလာသလိုရန်ကုန်ကလည်းချေပဂိုးရဖို့အစွမ်းကုန်ကြိုးစားလာခဲ့ပါတယ်။



ဒုတိယပိုင်းရဲ့နောက်ဆုံးအချိန်တွေမှာတော့ရန်ကုန်ဘက်က

ကြည်လင်း၊ကျော်ကိုကို၊ဆီဆာတို့ချေပဂိုးရဖို့အစွမ်းကုန်

ကြိုးစားခဲ့ပေမယ့်ဂိုးမရရှိခဲ့ပါဘူး။ပွဲအပြီးမှာတော့ရှမ်းအသင်းက

နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရသွားပြီး

ဗိုလ်ချုပ်ဒိုင်းကြီးကိုတောင်ပေါ်ဒေသဆီသယ်ဆောင်သွား

ပါတော့တယ်ရန်ကုန်အသင်းကတော့နှစ်နှစ်ဆက်ဗိုလ်လုပွဲမှာ

ရှုံးနိမ့်ခဲ့တာဖြစ်ပြီးရှမ်းကတော့ဗိုလ်ချုပ်ဒိုင်းကိုပထမဆုံးအကြိမ်အဖြစ်ရရှိသွားပါတော့တယ်။


Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။