မဲခေါင်မြစ်ဘေးလေ့ကျင့်ရေးဆင်းနေတဲ့မြန်မာအသင်း

ဒီနေ့ညနေမှာမြန်မာအသင်းဟာကမ္ဘောဒီးယားအသင်းနဲ့

အာရှဖလားခြေစစ်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်အဖြစ်ယှဉ်ပြိုင်

ကစားသွားတာပါ။ကမ္ဘောဒီးယားဟာအိမ်ရှင်ဖြစ်တာကြောင့်

မြန်မာအသင်းအနေနဲ့ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားသွား

ရမှာပါ။ပထမပွဲမှာတော့မြန်မာအသင်းဟာဖိလစ်ပိုင်ကိုခြောက်ဂိုးပြတ်

အနိုင်ရခဲ့ပြီးအဖွင့်လှခဲ့ပါတယ်။ဒီနေ့ပွဲသာနိုင်လိုက်မယ်ဆိုရင်

တော့မြန်မာအသင်းခြေစစ်ပွဲအောင်ဖို့ရာခိုင်နှုန်းတော်တော်

များသွားမှာပါ။

ညနေပွဲကစားဖို့ရှိနေတဲ့မြန်မာအသင်းဟာကမ္ဘောဒီးယား

နိုင်ငံဖနွမ်းပင်မြို့ကိုဖြတ်သန်းစီးဆင်းနေတဲ့မဲခေါင်မြစ်ရိုး

တစ်လျှောက်ပြေးပြီးလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။မနက်စောစောထလေ့ကျင့်ခန်းလုပ်ပေါ့။ဒါ့အပြင်

ကမ္ဘောဒီးယားနိုင်ငံဥသျှောင်ဘုရင်ကြီးရဲ့နန်းတော်ရှေ့

အရောက်လေ့ကျင့်မှုကိုခေတ္တရပ်နားခဲ့ပြီးနန်းတော်ရှေ့မြက်

ခင်းပြင်ကြီးထဲကခိုလေးတွေကိုအစာကျွေးခဲ့ကြပါတယ်။

မြန်မာနည်းပြဦးချစ်နိုင်ကတော့လေ့ကျင့်ရည်ပြည့်ဝနေတဲ့

သူ့အသင်းကိုယုံကြည်မှုရှိနေပါတယ်။သူ့အနေနဲ့မြန်မာအသင်းဟာ

ကမ္ဘောဒီးယားကိုအနိုင်ရမယ်လို့ယုံကြည်ထားပါတယ်တဲ့။ဒီယုံကြည်ချက်တွေကြောင့်ဒီပြိုင်ပွဲကို

လာပြိုင်တာဖြစ်ပြီးအသင်းတိုင်းကိုလေးစားမှုနဲ့ကစား

သွားမှာပါလို့ပြောပါတယ်။ညနေကျရင်မြတ်ကောင်းခန့်၊

ဝင်းနိုင်ထွန်းတို့ကိုအားပေးဖို့မမေ့နဲ့နော်ပရိသတ်ကြီး။

Photo- Zaw Min Htike

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။