ဝေဖန်သံတွေဆူညံနေတဲ့လက်ဝှေ့ပွဲအမျိုးသမီးဒိုုင်ထားရေး

လာမယ့်နိုဝင်ဘာ4ရက်နေ့မဗာWLC-3လက်ဝှေ့ပြိုင်ပွဲကြီးကို

ခြိမ့်ခြိမ့်သဲသဲကျင်းပတော့မှာပါ။တူးတူး၊

စိုးလင်းဦး၊စောငမန်းစတဲ့မြန်မာ့လက်ဝှေ့လောကရဲ့ထိပ်သီးတွေပါဝင်ထိုး

သတ်မှာမို့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအထူးများပြားနေတာကိုတွေ့ရပါတယ်။

ဒါ့အပြင်WLCဟာရိုးရာလက်ဝှေ့နည်းစနစ်ကို

ပြောင်းလဲပြင်ဆင်ပြီးနိုင်ငံတကာအတိုင်းကျင်းပဖို့ကြိုးစားနေပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ဟာအလဲထိုးစနစ်ပေးဖြစ်ပေမယ့်

WLCမှာတော့အမှတ်ပေးစနစ်နဲ့ပါ။အမှတ်ပေးစနစ်နဲ့

လုပ်တော့WLCဝေဖန်ခံရပါတယ်။အခုလာမယ့်WLC-3

မှာလည်းအမျိုးသမီးဒိုင်လူကြီးကိုအမျိုးသားလက်ဝှေ့ပွဲ

မှာထည့်သွင်းစေမှာပါ။မြန်မာ့ရိုးရာလက်ဝှေ့မှာကြိုးဝိုင်း

အတွင်းအမျိုးသမီးများဝင်ခွင့်မပြုခြင်း၊အမျိုးသမီးကြိုးဝိုင်း

ဒိုင်တွေကိုအမျိုးသားပွဲစဉ်တွေကိုကိုင်တွယ်ခွင့်မပြုခြင်း

စတဲ့ရှေးရိုးအစဉ်အလာများရှိပါတယ်။

WLCဟာဒီအစဉ်အလာက်ုပြောင်းလဲလိုက်ပြီးအမျိုးသမီး

ကြိုးဝိုင်းဒိုင်ဒေါ်သူဇာဟန်ကိုအသုံးပြုသွားမှာဖြစ်လို့ဝေဖန်သံ

တွေဆူညံသွားခဲ့ရပါတယ်။ဒါ့အပြင်အမျိုးသမီးများကြိုးဝိုင်း

ထဲဝင်တဲ့အခါကြိုးတန်းအောက်မှလှိမ့်ဝင်ခြင်းမပြုလုပ်

ရတော့ဘဲနှစ်သက်သလိုကျော်လွှားဝင်ခွင့်ပေးမယ်လို့

ပြောပြပါတယ်။အဆိုပါစည်းမျဉ်းတွေကို

WLCကိုစီစဉ်တဲ့မြန်မာ့လက်ခမောင်းကုမ္ပဏီကမြန်မာ့ရိုးရာ

လက်ဝှေ့အဖွဲ့ချုပ်မှတာဝမ်ရှိသူများနဲ့ခုံချုပ်ဦးဒေါင်းနီတို့နဲ့တိုင်ပင်ကာစီစဉ်ခဲ့တယ်လို့သိရပါတယ်။မြန်မာ့လက်ခမောင်းရဲ့

ရည်ရွယ်ချက်က အားကစားရပ်ဝန်းတွင်ကျားမခွဲခြားမှုမရှိစေရေး။.

Source-WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။